Headlines News :
Home » » ဖားကန့်တွင် အစိုးရတပ်နှင့် KIA တိုက်ပွဲ ဖြစ်

ဖားကန့်တွင် အစိုးရတပ်နှင့် KIA တိုက်ပွဲ ဖြစ်

Written By Live100 on Monday, November 30, 2015 | 11:50 PM


KIA တပ်ရင်း(၆) တပ်ဖွဲ့များ၊ ဖာကန့်ကျောက်စိမ်းမှော်
နိုဝင်ဘာ (၃၀)

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းမှော် ဂွေခါလမ်းဘက် မြန်မာအစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား ယနေ့ နံနက်ပိုင်းမှာ မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

Ja Ra Yang ကျေးရွာအနီး KIA တပ်ရင်း(၆) ရှေ့တန်းစခန်းရှိရာသို့ အစိုးရတပ်များ ၀င်ရောက်လာခြင်းကြောင့်  နံနက် ၆နာရီခန့်မှ တိုက်ပွဲစတင်ဖြစ်ပွားကာ (၁၀)မိနစ်ကျော် ကြာကြောင်း KIA ဗဟိုဌာနချုပ် လိုင်ဇာမှ ဒု-ဗိုလ်မှူးကြီး နော်ဘူ ကချင်သတင်းဌာန KNG ကို အတည်ပြုပြောသည်။

အစိုးရတပ် ခမရ ၄၂၁ နှင့်တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်သည်ဟု ဒေသခံများဆိုပါသည်။

တပ် အပြောင်းအလဲ ခေါင်းစဉ်ဖြင့် Ja Ra Yang ဘက်ကို အစိုးရတပ် အင်အား ဖြည့်တင်းလာပြီးနောက် KIAနှင့် တိုက်ပွဲဖြစ်လာကြောင်း၊ အစိုးရတပ်များ ဆက်လက်၍တိုက်ခိုက်လာလျှင် တိုက်ပွဲပြင်းထန်လာနိုင်ကြောင်း ဒု-ဗိုလ်မှူးကြီး နော်ဘူ ပြောသည်။

တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်သေဆုံးမှု ရှိမရှိ မသိရသေးပါ။

ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်မဟာ(၄) တပ်ရင်း(၂)၊ တပ်ရင်း(၈)နှင့် တပ်ရင်း(၃၆) နယ်မြေများတွင်လည်း အစိုးရတပ်များနှင့် ယမန်နေ့ထိ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒု-ဗိုလ်မှူးကြီး နော်ဘူ ဆက်လက် အတည်ပြုပြောပါသည်။

ယခုလုပ်ရပ်သည် အစိုးရတပ်၏ KIA ကို ရန်ရှာတိုက်ခိုက်ခြင်း သက်သက်ဖြစ်ပြီး KIA မှ ကောင်းကောင်း တုံ့ပြန် တိုက်ခိုက်လာလျှင် အစိုးရတပ် အပြင်းအထန်တိုက်ခိုက်ရန် အတင့်အနေအထားဖြစ်နေကြောင်း ဒု-ဗိုလ်မှူးကြီး နော်ဘူ သုံးသပ်ပြောသည်။

စစ်တပ်ကျောထောက်နောက်ခံ အာဏာရ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ နိုဝင်ဘာ(၈)ရက် ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို အာဏာမလွှဲပြောင်းမီ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ် NCA လက်မှတ် မရေးထိုးသေးသော KIA နှင့် ရှမ်းပြည်နယ်ရှိ အခြား တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များကို လေကြောင်းအကူညီဖြင့် ပြင်းပြင်းထန်ထန်တိုက်ခိုက်နေပါသည်။

ယခုချိန်ထိ KIA က အစိုးရတပ်ကို စတင်တိုက်ခိုက်ခြင်း မပြုပဲ အတတ်နိုင်ဆုံး တိုက်ပွဲ မဖြစ်အောင် ရှောင်ပေးနေရကြောင်း သိရသည်။

Kachin News Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template