Headlines News :
Home » » မြန်မာနှင့် ပြင်သစ် နှစ်နိုင်ငံ အနုပညာရှင်များ ပူးပေါင်းတင်ဆက်မည့် Yangon Street Art Festival ကို ဒီဇင်ဘာ ၁ ရက်မှ ၆ ရက်အထိ ပြုလုပ်မည်

မြန်မာနှင့် ပြင်သစ် နှစ်နိုင်ငံ အနုပညာရှင်များ ပူးပေါင်းတင်ဆက်မည့် Yangon Street Art Festival ကို ဒီဇင်ဘာ ၁ ရက်မှ ၆ ရက်အထိ ပြုလုပ်မည်

Written By Live100 on Tuesday, December 1, 2015 | 12:04 AM

မြန်မာနှင့် ပြင်သစ် နှစ်နိုင်ငံ အနုပညာရှင်များ ပူးပေါင်းတင်ဆက်မည့် Yangon Street Art Festival ကို ဒီဇင်ဘာ ၁ ရက်မှ ၆ ရက်အထိ ပြုလုပ်ရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။ အဆိုပါ အနုပညာ တင်ဆက်မှုမှာ မြန်မာနှင့် ပြင်သစ် အနုပညာရှင်များ ပူးပေါင်းကာ လမ်းမများနှင့် ရှော့ပင်းစင်တာများတွင် လက်တွေ့ အနုပညာတင်ဆက်မှုများ၊ အနုပညာ ဟောပြောပွဲများ၊ လုပ်ငန်းခွင် ဆွေးနွေးပွဲများကို ထည့်သွင်းပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။

“Yangon Street Art Festival ကို ဒီဇင်ဘာ ၁ ရက်ကနေ ၆ ရက်အထိ ကျင်းပသွားပါမယ်။ နာမည်ပေးထားတဲ့ အတိုင်းပဲ လမ်းမပေါ်မှာ၊ ရှော့ပင်းစင်တာတွေမှာ အနုပညာ ဖန်တီး တင်ဆက်မှုတွေ၊ ဆွေးနွေးပွဲတွေ၊ ဟောပြောပွဲတွေကို တင်ဆက်သွားပါမယ်။ အနုပညာရှင်တွေရဲ့ ခေတ်ပေါ်အကတွေ၊ အကပြိုင်ပွဲတွေ၊ ဟစ်ဟော့ပ် အဆိုတော်တွေရဲ့ ဖျော်ဖြေတင်ဆက်မှုတွေကိုလည်း ထည့်သွင်းတင်ဆက် သွားပါမယ်။ နေ့အလိုက် ထူးခြားကွဲပြားတဲ့ အစီအစဉ်တွေနဲ့ တင်ဆက်သွားမှာပါ။ ဒီဇင်ဘာ ၅ ရက်မှာတော့ ပင်လယ်စတူဒီယိုမှာ ထူးခြားတဲ့ ဖျော်ဖြေတင်ဆက်မှုတွေနဲ့ ပွဲတော်တစ်ခု ပြုလုပ်သွားပါမယ်။ အဲဒီပွဲတော်မှာလည်း အကပြိုင်ပွဲတွေ၊ အခြား အနုပညာပြိုင်ပွဲတွေ ထည့်သွင်းပြုလုပ် သွားပါမယ်” ဟု ပြင်သစ်ယဉ်ကျေးမှု ဌာနမှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

Yangon Street Art Festival တွင် ဂရပ်ဖတီ လက်တွေ့ရေးဆွဲခြင်း၊ ဇာတ်ကားပြသခြင်း၊ အကပြိုင်ပွဲ ပြုလုပ်ခြင်း၊ ဟစ်ဟော့ပ် ဖျော်ဖြေပွဲ ပြုလုပ်ခြင်းများ ထည့်သွင်းပြုလုပ် သွားမည်ဟု သိရသည်။ စတင်ကျင်းပမည့် ဒီဇင်ဘာ ၁ ရက်တွင် တော်ဝင်စင်တာနှင့် ပြင်သစ်ယဉ်ကျေးမှုဌာန၌ Live Graffti ရေးဆွဲခြင်းကို မြန်မာနှင့် ပြင်သစ် အနုပညာရှင်များက ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာ ၅ ရက်တွင် ရန်ကုန်မြို့ ပင်လယ်စတူဒီယို၌ ပြုလုပ်မည့် Yangon Street Art Festival တွင် အခမဲ့ မည်သူမဆို လာရောက်ကြည့်ရှုနိုင်မည်ဖြစ်ပြီး နေ့အလိုက် ပြုလုပ်သွားမည့် လက်တွေ့အနုပညာ တင်ဆက်မှုများ၊ ဆွေးနွေးပွဲများကိုလည်း အခမဲ့ တင်ဆက်မည်ဖြစ်သည်။  
 
Writer: လင်းလင်းခိုင်
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template