ဒီဇင်ဘာ ၎
ရက်နေ့ ။ နေပြည်တော်
အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီဇင်ဘာ ၎
ရက်နေ့ မွန်းလွဲပိုင်းက နေပြည်တော် စစ်ဦးစီးဌာနချုပ် ရုံးမှာ
တွေ့ဆုံခဲ့ကြောင်း သတင်းတွေ ထွက်နေပါတယ်။
ဒီဇင်ဘာ ၂ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန်၊ တပ်မတော်
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့
တွေ့ဆုံမှုအပြီးမှာ ဒီသတင်းထွက်ပေါ်လာတာပါ။
ဦးသန်းရွှေဟာ လက်ရှိ အစိုးရနဲ့ တပ်မတော်အပေါ် သြဇာ လွှမ်းမိုးထားဆဲပဲလို့
ယူဆကြတဲ့အတွက် ဒါဟာ ရွေးကောက်ပွဲအလွန် နောက်ထပ် အရေးကြီးတဲ့ နိုင်ငံရေး
တွေ့ဆုံမှု ဖြစ်ဖွယ်ရှိပါတယ်။
ဒီလို တွေ့ဆုံဖြစ်အောင် စစ်အစိုးရခေတ်က နံပါတ် ၃ ခေါင်းဆောင်ဖြစ်ခဲ့တဲ့
လက်ရှိ ပြည်ထေင်စု လွှတ်တော် နာယက ဦးရွှေမန်းက ကြားဝင်
စီစဉ်ပေးခဲ့တယ်ဆိုပြီး သတင်းတွေမှာ ခန့်မှန်းဖော်ပြပါတယ်။
ဒီသတင်းနဲ့ ပတ်သက်လို့ သီးခြား အတည်မပြုနိုင်ပေမယ့် ပြည်ထောင်စုလွှတ်တော်
နာယက သူရ ဦးရွှေမန်းရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာတော့ ဒီဇင်ဘာ ၂၊ ၃၊ ၎
တွေ့ဆုံပွဲတွေကို ရည်ညွှန်းပြီး အသိပေး မေတ္တာရပ်ခံစာ တစောင်ကို
ထုတ်ပြန်ထားပါတယ်။
အဲဒီ စာထဲမှာ လက်ရှိအချိန်မှာ လူတစုအကျိုး၊ တပါတီ အကျိုးထက်
ပြည်ထောင်စု အကျိုးစီးပွားကို ကြည့်ပြီး ဆောင်ရွက်နေသူတွေ ရှိနေပြီ၊
ဒီလိုလူတွေကို ပြည်သူတွေက အားပေး ချီးမြှောက်ပေးပါဆိုပြီး
တိုက်တွန်းထားပါတယ်။
နိုဝင်ဘာလ နှောင်းပိုင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့
လျှို့ဝှက်တွေ့ဆုံခဲ့တဲ့ ဦးသန်းရွှေရဲ့ မြေးဖြစ်သူ ကိုနေရွှေသွေးအောင်ကလည်း
သူ့အနေနဲ့ တတ်နိုင်တဲ့ဘက်က အကောင်းဆုံးဖြစ်အောင် တိုင်းပြည်အကျိုး
သယ်ပိုးထမ်းရွက်ပါမယ့်အကြောင်း ဒီဇင်ဘာလ ၁ ရက်နေ့က သူ့ရဲ့ 
ဖေ့ဘွတ်ခ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
-
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
လွန်ခဲ့တဲ့နှစ်များဆီသို့ပြန်တမ်းတတိုင်း
မျက်ဝန်းထဲမှာ သခင့်ရုပ်လွှာ သက...
8 years ago