Headlines News :
Home » » တရုတ်တွင် မီးခိုးမြူများ ဆက်လက်ကျရောက်မှုကြောင့် ကျန်းမာရေး ထိခိုက်

တရုတ်တွင် မီးခိုးမြူများ ဆက်လက်ကျရောက်မှုကြောင့် ကျန်းမာရေး ထိခိုက်

Written By Live100 on Tuesday, December 22, 2015 | 1:16 PM


တရုတ်နိုင်ငံ မြို့တော် ဘေဂျင်းမှာ ဒီဇင်ဘာ ၂၁ ရက်နေ့က မီးခိုးမြူမှုန်တွေ ဆက်လက်ကျရောက်နေပြီး ရှန်ဟိုင်းမြို့မှာပါ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့အထိ မီးခိုးမြူတွေ ဖုံးအုပ်နေပါတယ်။
ဘေဂျင်းမြို့တော်မှာတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့ကစပြီး လေထုညစ်ညမ်းမှု အဆိုးဆုံးအဆင့်ဖြစ်တဲ့ အနီရောင်အဆင့် သတ်မှတ်ထားပြီး ၁ လအတွင်း အနီရောင်အဆင့်ကို ဒုတိယအကြိမ် သတ်မှတ်ခဲ့ရတာ ဖြစ်ပါတယ်။
စာသင်ကျောင်းတွေ ပိတ်ထားရပြီး ကားအစီးရေကိုလည်း ပုံမှန်ရဲ့ ထက်ဝက်လောက်ပဲ မောင်းနှင်ခွင့် ပြုထားရပါတယ်။
ဒီဇင်ဘာ ၂၂ ရက်နေ့အထိ အနီရောင်အဆင့်ကို သတ်မှတ်ထားမယ်လို့ မြို့တော်အာဏာပိုင်တွေက ဆိုပါတယ်။
မြို့ခံတွေကတော့ ဒီလေထုညစ်ညမ်းမှု အခြေအနေဟာ အတော့်ကို ဆိုးဝါးလာတဲ့အတွက် အစိုးရအနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းဖို့ လိုပြီလို့ စိုးရိမ်တကြီး ထုတ်ဖော်ပြောဆိုကြပါတယ်။
ရှန်ဟိုင်းမြို့တော်မှာလည်း ပြီးခဲ့တဲ့အပတ်က ၁ နှစ်အတွင်း လေထုညစ်ညမ်းမှု အဆိုးဆုံးဖြစ်ခဲ့ပြီး ကျောင်းတွေ၊ ကားတွေ၊ စက်ရုံတွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကို လောလောဆယ် ရပ်နားထားဖို့ အာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။
တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း အထိန်းအချုပ်မရှိ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး အဲဒီစီးပွားရေးတိုးတက်မှုနဲ့အတူ မြို့ကြီးတွေမှာ အခုလို  လေထု၊ ရေထုနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ ဆိုးဆိုးဝါးဝါး ဖြစ်လာတာပါ။
တရုတ်အာဏာပိုင်တွေလည်း ဒီပြဿနာကို ထိပ်တန်းဦးစားပေးဖြေရှင်းဖို့ ကြိုးစားနေပေမယ့်လည်း လက်ရှိအချိန်အထိတော့ ထိထိရောက်ရောက် ထိန်းချုပ်ဟန့်တားနိုင်ခြင်း မရှိသေးပါဘူး။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template