အစိုးရ နယ်စပ်လုံခြုံရေးဆိုင်ရာ စစ်တပ်ပိုင် ဂျက်လေယာဉ်ငယ်တစီးဟာ ဒီဇင်ဘာ ၂၂ ရက်နေ့က အိန္ဒိယနိုင်ငံ ဒေလီမြို့က ထွက်ခွာချိန်မှာ ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ပါ လူ ၁၀ ဦး သေဆုံးခဲ့တယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။
အဲဒီလေယာဉ်ငယ်ဟာ ဒေလီမြို့မှ မြောက်ပိုင်းမြို့တော် ရန်ချီကိုအသွားမှာ ခုလို ပျက်ကျခဲ့တာဖြစ်ပြီး လေယာဉ်ပေါ်ပါ လေယာဉ်မှူး ၂ ဦးနဲ့ ပညာရှင် ၈ ဦး အပါအ၀င် စုစုပေါင်း ၁၀ ဦး သေဆုံးခဲ့တာပါ။
လေကြောင်းဌာနဆိုင်ရာ အငယ်တန်းဝန်ကြီး မာဟက်ရှ်ရှာမာက “လေယာဉ်ပေါ်မှာ ပါတဲ့သူအကုန်လုံး သေသွားခဲ့တာပါ။ ဘာကြောင့်ဖြစ်ရတယ် ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ကျနော်တို့ ဆက်လက်စုံစမ်းသွားမှာပါ” လို့ ပြောပါတယ်။
လေယာဉ်ဟာ စတင်ထွက်ခွာပြီး ခဏအကြာမှာ ဘက်ဂ်ဒိုကျေးရွာအနီး ပျက်ကျခဲ့တာဖြစ်ပြီး နံရံတခုနဲ့တိုက်မိကာ မီးလောင်ကျွမ်းခဲ့တာလို့ ပြောရေးဆိုခွင့်ရှိသူတွေက ပြောပါတယ်။
DVB