Headlines News :
Home » » ရခိုင် အရပ်ဘက်လူမှုအဖွဲ့များဖိုရမ် လယ်မြေအသိမ်းခံရမှုများ ဆွေးနွေး

ရခိုင် အရပ်ဘက်လူမှုအဖွဲ့များဖိုရမ် လယ်မြေအသိမ်းခံရမှုများ ဆွေးနွေး

Written By Live100 on Sunday, December 20, 2015 | 8:19 AM


ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာကျင်းပနေတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းများဖိုးရမ် ဒုတိယနေ့ကို ဒီဇင်ဘာလ ၁၉ ရက်နေ့ က တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာကျင်းပတဲ့ ရခိုင်ပြည်နယ်လုံးဆိုင်ရာ အရပ်ဘက်လူမှု အဖွဲ့အစည်းများဖိုရမ်ရဲ့ ဒုတိယမြောက်နေ့မှာ ရခိုင်ပြည်နယ်က လယ်ယာမြေသိမ်းဆည်းခံရမှုတွေနဲ့ သယံဇာတစီမံခန့်ခွဲမှုအပိုင်းတွေ ကို ဆွေးနွေးခဲ့ကြပါတယ်။

သယံဇာတစီမံခန့်ခွဲမှုအပိုင်းမှာလက်ရှိအကောင်အထည်ဖော်နေတဲ့ ကျောက်ဖြူစီးပွားရေးဇုံနဲ့ နေပူတောင်က စီမံကိန်းတွေဟာ ဒေသခံတွေအတွက် ပွင့်လင်းမြင်သာမှုရှိရေး အဓိကထားဆွေးနွေး ခဲ့ကြတယ်လို့ ဆွေးနွေးပွဲ ဦးဆောင်ကျင်းပတဲ့ ဝံလက်ဒေသ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက ဒါရိုက်တာ ဦးခိုင်ကောင်းစံက ပြောပါတယ်။

"မနက်က ဆွေးနွေးတဲ့ဟာမှာတော့ လူငယ်တွေနဲ့ အမျိုးသမီးတွေဟာ နိုင်ငံတော့တည်ဆောက်မှုမှာ ပါဝင်မှုနှုန်းကိုပဲ အဓိကထားပြီးတော့ ဆွေးနွေးမေးမြန်းတာရှိပါတယ်၊ အုပ်စုလိုက်ကျတော့ ကျနော်တို့ မနက်ဖြန်မှာ တစ်နေ့လုံးအုပ်စုလိုက် ဆွေးနွေးတဲ့အစီအစဉ်ပါခင်ဗျ၊ အခုက သဘာဝသယံဇာတနဲ့ ဥပမာ ရခိုင်ပြည်နယ်က နေပူတောင်ကိစ္စတွေ၊ ကျောက်ဖြူအထူးစီးပွားရေးဇုံမှာ လယ်ယာမြေတွေကို အစိုးရကနေ ပြီးတော့ လွှတ်တော်မှာတင်တာပေါ့၊ တကယ်ဆိုရင် ဒေသခံပြည်သူတွေက ဘာမှသိမနေဘူး၊ အဲ့ဒီအကြောင်းတွေကို ဆွေနွေးကြပါတယ်ခင်ဗျ"

မနက်ဖြန်မှာ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်၊ လူငယ်နဲ့ပညာရေး၊ မူးယစ်ဆေးဝါးနဲ့အလုပ်အကိုင် အခွင့်အလမ်း ၊ နိုင်ငံသား၊ နိုင်ငံသားအခွင့်အရေးနဲ့ ဒေသတွင်း ပဋိပက္ခအခြေအနေစတဲ့ အချက်တွေကို စကားဝိုင်းအဖြစ်နဲ့ အပြန်အလှန်ဆွေးနွေးကြမှာဖြစ်ပြီး ကြေညာချက်တစ်စောင် ထုတ်ပြန်သွားမယ်လို့လည်း သိရပါတယ်။

ကျောက်ဖြူမြို့မှာ ဒီဇင်ဘာလ ၁၈ ရက်နေ့ကနေ စတင်ပြီး ၃ ရက်ကြာကျင်းပနေတဲ့ အရပ်ဘက်လူမှု အဖွဲ့အစည်းတွေရဲ့ ဆွေးနွေးပွဲမှာ ရခိုင်ပြည်နယ်အနှံ့က အဖွဲ့အစည်းပေါင်း ၁ဝဝ ကျော်တက်ရောက် ဆွေးနွေးနေ ကြတာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲကနေ ရရှိထွက်ပေါ်လာတဲ့ အချက်အလက်တွေနဲ့ လာမယ့်အစိုးရသစ်အပေါ်မှာ ရခိုင်လူမှု အဖွဲ့အစည်းတွေရဲ့ မျှော်လင့်ချက်တွေကို အစီရင်ခံစာတစ်စောင် ထုတ်ပြန်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

RFA Burmese
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template