ဓာတ်ပုံ - |
ဖီဖာရဲ့ ကျင့်ဝတ်ရေးရာကော်မတီက ဆပ်ဘလတ္တာနဲ့ ပလာတီနီတို့ကို ဘောလုံးလောကကနေ ၈ နှစ် ထုတ်ပယ်လိုက်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။
၂၀၁၁ ခုနှစ်က ပလာတီနီကို ဘလတ္တာရဲ့ အတည်ပြုချက်နဲ့ အမေရိကန်ဒေါ်လာ ၂ သန်း ပေးတဲ့ကိစ္စမှာ သူတို့နှစ်ယောက်စလုံးဟာ ကျင့်ဝတ်စည်းကမ်း ချိုးဖောက်ခဲ့တာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဖီဖာရဲ့ ကျင့်ဝတ်တွေကို ချိုးဖောက်ပြီး သစ္စာစောင့်သိမှုနဲ့ စွမ်းဆောင်နိုင်မှု စည်းမျဉ်းတွေကို ဖောက်ဖျက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် သူတို့နှစ်ဦးစလုံးကတော့ ခြစားမှုနဲ့ လာဘ်ပေးလာဘ်ယူမှု စွပ်စွဲချက်တွေကနေ ကင်းရှင်းတယ်လို့ ပြောပါတယ်။
DVB