၂၀၁၅ ရွေးကောက်ပွဲအတွက် တင်သွင်းလာတဲ့ ကန့်ကွက်လွှာတွေကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှာ ခုံရုံးဖွဲ့ စစ်ဆေးနေပြီ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၂၁ ရက်အထိ ကန့်ကွက်လွှာ တင်သွင်းလာတာ ၁၇ မှု ရှိပြီး
ပြည်ခိုင်ဖြိုးက တင်သွင်းတာ ၁၁ မှု၊ အန်အယ်လ်ဒီက ၅ မှုနဲ့ တအာင်း(ပလောင်)
ပါတီက ၁ မှု ဖြစ်ပါတယ်။
ဒီအမှုတွေမှာ ဒီဇင်ဘာ ၂၁ ရက်နေ့က ၃ မှုကို စတင် ကြားနာ စစ်ဆေးခဲ့ပြီး ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ၁ မှု စစ်ဆေးခဲ့ပါတယ်။
ခုံရုံးဖွဲစစ်ဆေးရာမှာ ဘယ်သူမဆို လာရောက်ကြည့်ရှုလို့ရပေမယ့် ဓာတ်ပုံ၊ ဗွီဒီယိုရိုက်တာနဲ့ အသံဖမ်းတာကိုတော့ ခွင့်မပြုပါဘူး။
၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ကန့်ကွက်လွှာ တင်သွင်းတာ ၃၃ ခု ရှိပြီး ၅ မှုပဲ အနိုင်ရခဲ့တာပါ။
လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာလည်း ကန့်ကွက်လွှာတွေကို ကြားနာဖို့ ရှိနေပါတယ်။
DVB