ဓာတ်ပုံ-ဂျွန်ချစ်ငြိမ်း |
ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲမှူးရုံးက ဦးဆောင်၍ ဆိုင်ကယ်စီးဦးထုတ် အလုံးနှစ်ရာခန့်ကို ဆိုင်ကယ်မောင်းနှင်ပြီး ဦးထုပ်မဆောင်းသူများကို အခမဲ့ပေးအပ်ခဲ့သည်။
ဦးထုပ်များသည် လုံခြုံရေး စိတ်ချရမှုရှိပြီး တစ်လုံးလျင် ကျပ်ငါးထောင်တန်ဖိုးရှိကြောင်း သိရသည်။
အလှူ ရှင်အချို့နှင့် အမှတ် (၁၈) ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲမှူးရုံးတို့ပူးပေါင်း၍ အခမဲ့ ပေးဝေပေးခြင်းဖြစ်ကာ ဖမ်းဆီးအရေးယူခြင်းထက် ပြည်သူလူထုအား အသိပညာပေးလိုသည့် သဘောဖြင့် လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း အမှတ် (၁၈) ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲမှူးရုံး မှ တာဝန်ခံ ရဲမှူးမျိုးဇော်အောင်က ပြောသည်။
ယင်းကဲ့သို့ ဆိုင်ကယ်စီး ဦးထုတ်များ အခမဲ့ဝေပေးခြင်းသည် တောင်ကြီးတွင် ပထမဦးဆုံးအကြိမ်အဖြစ် ပြု လုပ်ပေးခြင်း ဖြစ်သည်။
7 Day News