ရောမ ၊ ၁၉-၁၂-၂ဝ၁၅
အီတလီ တရားရေးဝန်ကြီး အန်ဒရီယာ အော်လန်ဒိုသည် ဒီဇင်ဘာ ၁၇ ရက်က ISIS
စစ်သွေးကြွ အဖွဲ့ထံမှ ကျည်ဆန်များနှင့် ခြိမ်းခြောက်စာကို လက်ခံရရှိ
ခဲ့ကြောင်း အဆိုပါ ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ အမျိုးသမီး တစ်ဦးက
ပြောကြားသည်။
ဝန်ကြီးသည် ISIS စစ်သွေးကြွ အဖွဲ့၏ လက်မှတ်ပါရှိသော အဆိုပါ
ခြိမ်းခြောက်စာနှင့် အတူ ကျည်ဆန် နှစ်တောင့်အား လက်ခံရရှိ ခဲ့ကြောင်း၊
ခြိမ်းခြောက်စာတွင် ISIS စစ်သွေးကြွ အဖွဲ့က အီတလီနိုင်ငံသို့ မကြာမီ
လာရောက်မည် ဖြစ်ပြီး ဝန်ကြီး အန်ဒရီယာ အော်လန်ဒို အား ခေါင်းဖြတ်
သတ်ဖြတ်မည်ဟု အာရပ် ဘာသာဖြင့် ရေးသား ထားကြောင်း ယင်း အမျိုးသမီးက
ပြောကြားသည်။
အော်လန်ဒိုနှင့် တရားရေးဝန်ကြီး ဌာန အနေဖြင့် ယခင်က ယခုကဲ့သို့
ခြိမ်းခြောက် မှုမျိုးနှင့်ကြုံတွေ့ ခဲ့ဖူးခြင်း မရှိကြောင်း ၄င်းက
ထပ်လောင်း ပြောကြားသည်။ အီတလီနိုင်ငံသည် နိုဝင်ဘာ ၁၃ ရက်က ဖြစ်ပွားခဲ့သော
ပဲရစ်မြို့ တိုက်ခိုက်ခံ ရပြီးနောက် နိုင်ငံတွင်း လုံခြုံရေးကို
တိုးမြှင့်ခဲ့ကြောင်း သိရသည်။
(Pyi Chit Thar)