Headlines News :
Home » » ကန်ပိုက်တီးက စက်ယန္တရားများကို စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး စစ်မည်

ကန်ပိုက်တီးက စက်ယန္တရားများကို စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး စစ်မည်

Written By Live100 on Sunday, December 20, 2015 | 12:08 AM


ကချင်ပြည်နယ်၊ ကန်ပိုက်တီးဒေသကို ၀င်ရောက်လာတဲ့ စက်ယန္တရားတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ အစိုးရက အဖွဲ့ဝင် ၄ ဦးပါ အဖွဲ့တဖွဲ့ ဖွဲ့လိုက်ပါတယ်။
ကန်ပိုက်တီးဒေသကို တရုတ်နိုင်ငံက ၀င်ရောက်လာတဲ့ စက်ယန္တရားတွေ ဘယ်ပုံဘယ်နည်း ၀င်ရောက်လာတယ်ဆိုတဲ့ ဖြစ်စဉ်အမှန်သိရအောင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောဝန်ကြီး ဦးဆောင်တဲ့အဖွဲ့ကို ဖွဲ့ပေးလိုက်တယ်လို့ အစိုးရသတင်းအရ သိရပါတယ်။
ဒီကော်မတီကို ဘယ်သူကဖွဲ့ပေးပြီး ကော်မတီရဲ့ လုပ်ငန်းတာဝန်တွေနဲ့ ကော်မတီ အစီရင်ခံစာတင်ရမယ့် နောက်ဆုံးနေ့ရက် စတဲ့ အချက်တွေတော့ ဖော်ပြထားတာ မတွေ့ရပါဘူး။
ကချင်ပြည်နယ်၊ ဖားကန့်ဘက်မှာ စက်ယန္တရားကြီးတွေ အလွန်အကျွံ့သုံးပြီး ကျောက်မျက်တူးဖော်နေကြတဲ့အပေါ် ဒေသခံတွေက ၃ ကြိမ်ထက်မနည်း ကန့်ကွက်ဆန္ဒပြခဲ့ကြသလို မီဒီယာတွေကလည်း ဝေဖန်ထောက်ပြရေးသားခဲ့ကြပြီး တပတ်ဆယ်ရက်လောက်အကြာမှာ အခု စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကြောင်းသတင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အမျိုးသားလွှတ်တော်၊ သတ္တုသယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဦးလှဆွေကတော့ ဥပဒေအားနည်းချက်ကြောင့် ဒီပြဿနာတွေ ဖြစ်ပွားနေတာလို့ ပြောပါတယ်။
“အဓိကက အဲ့ဒီမှာ တရားဥပဒေခိုင်မာမှု မရှိဘူး၊ နောက်တခါ ဥပဒေက သတ်သတ် အမိန့်နဲ့ ညွှန်ကြားချက်ဆိုတာကလည်း ခဏခဏ ပြောင်းနေတာ၊ ခဏခဏပြောင်းနေတော့ မတည်ငြိမ်ဘူး၊ ခုတမျိုး တော်ကြာတမျိုး ဆိုတာမျိုးတွေက များနေတာ။”
လုပ်ကွက်တွေကို အကျယ်ကြီးချထားပေးပြီး သက်တမ်းကျ တိုတိုပဲပေးတာကလည်း အဓိကကျတဲ့ပြဿ နာတခုလို့ ပြောပါတယ်။
လွှတ်တော်က မကြာခင် ပြဋ္ဌာန်းနိုင်မယ့် သတ္တုတွင်းဥပဒေကို ပြင်ဆင်တဲ့ဥပဒေ ထုတ်ပြန်လိုက်နိုင်ရင်လည်း ဒီပြဿ နာတွေ ပြေလည်သွားနိုင်တယ်လို့ ဆိုပါတယ်။
ဖားကန့်ဒေသခံတွေကတော့ ရွေးကောက်ပွဲအပြီးကစလို့ ကျောက်မျက်တူးတဲ့ ကုမ္ပဏီတွေက စက်ယန္တရားကြီးတွေ သုံးပြီး ကျောက်မျက်ကို အလွန်အကျွံ တူးဖော်နေကြတာလို့ ပြောပါတယ်။
သတ္တုတွင်းဝန်ကြီးဌာနရဲ့ စာရင်းဇယားတွေအရ ဖားကန့်နဲ့ လုံးခင်းမှာ ကုမ္ပဏီပေါင်း ၈၅၀ ကျော်ကို စုစုပေါင်းဧရိယာ ၂၂၅၅ ဒသမ ၃ဝ ဧက လုပ်ကိုင်ခွင့်ပြုထားကြောင်း သိရပါတယ်။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template