Headlines News :
Home » » စစ်အစိုးရ အလိုမရှိဟု တက္ကသိုလ်ရှေ့ရေးသားခဲ့သူ ၃ ဦး ထောင်မှ ပြန်လွတ်

စစ်အစိုးရ အလိုမရှိဟု တက္ကသိုလ်ရှေ့ရေးသားခဲ့သူ ၃ ဦး ထောင်မှ ပြန်လွတ်

Written By Live100 on Tuesday, December 22, 2015 | 11:50 PM


မန္တလေး ရတနာပုံတက္ကသိုလ်ရှေ့မှာ စစ်အစိုးရကျဆုံပါစေဆိုတဲ့ စာသားရေးသားခဲ့မှုနဲ့ တရားစွဲဆိုထောင်ချခံရတဲ့ ရတနာပုံတက္ကသိုလ်ကျောင်းသား ၃ ဦးဒီကနေ့ အိုးဘိုထောင်ကနေ လွတ်မြောက်လာပါတယ်။
လွတ်မြောက်လာသူတွေကတော့ အောင်ဆန်းဦး၊ ကိုဥာဏ်လင်းထက်နဲ့ ဂျစ်တူးတို့ ၃ ဦး လွတ်မြောက်လာတာဖြစ်ပါတယ်။
ပြန်လည်လွတ်မြောက်မှုအပေါ် ကိုဥာဏ်လင်းထက်က “ကျနော်တို့က စစ်အစိုးရအလိုမရှိလို့ ပြောခဲ့တယ်။ ဒါပေမယ့် သူတို့က အခုလောလောဆယ် ဒီမိုကရေစီအစိုးရလား၊ စစ်အစိုးရ လားဆိုတာ သူတို့ကိုယ်တိုက် ဒီမိုကရေစီလို့ ဟစ်ကြွေးပြီးတော့ တရားရုံးမှာ စစ်အစိုးရ ဟုတ်ပါတယ်။ သူတို့ကိုယ်တိုင် ပြန်ထွက်ဆိုသွားတယ်။ သူတို့က စစ်အစိုးရေ၇းလို့ ဆိုပြီးတော့ ကျနော်တို့ကို ထောင်ချတယ်ဗျာ။ အဲတော့ သူတို့ကိုယ်တိုင်ကိုက စစ်အစိုးရလို့ ၀န်ခံနေတယ်။ ”
ပြန်လွတ်လာတဲ့ အောင်ဆန်းဦး၊ ကိုဥာဏ်လင်းထက်နဲ့ ဂျစ်တူးတို့ ၃ ဦးအပါဝင် ကျောင်းသား ၇ ဦးဟာ ရတနာပုံတက္ကသိုလ်ကျောင်းရှေ့မှာ အကြမ်းမဖက်ရေး၊ စစ်အစိုးရ အလိုမရှိစတဲ့စာသား တွေကို ရေးသားခဲ့မှုနဲ့ တရားစွဲဆိုခဲ့ရတာဖြစ်ပါတယ်။
သူတို့ ၃ ဦးနဲ့ ကိုနိုင်ရဲဝေဆိုသူတို့ကို ဇူလိုင်လ ၁ ရက်နေ့က ဖမ်းဆီခဲ့ပြီး ကျန် ၃ ဦးက တော့ ဒီကနေ့အထိ ထွက်ပြေးတိမ်းရှောင်နေပါတယ်။
ဖမ်းဆီးခံရသူတွေကို ငြိမ်းစုစီ ပုဒ်မ ၁၈၊ ပုဒ်မ ၁၄၃ (ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေးတွင် ပါဝင်မှု)၊ ပုဒ်မ ၁၄၇ (ရုန်းရင်းဆန်ခတ်မှု)၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့နဲ့ တရားစွဲဆိုခံရခဲ့ပြီး အောက်တိုဘာလ ၉ ရက်နေ့မှာ အမှု ၃ ခုနဲ့ တပေါင်းတည်ကျခံစေဆိုပြီး ၆ လ ထောင်ချမှတ်ခံရတာဖြစ်ပါတယ်။
“ပုဒ်မက အားလုံးပေါင်း ၄ ခုပေါ့။ ၁၈ ရယ်၊ ၁၄၃၊ ၁၄၇ ရယ် ၅၀၅ (ခ) ရယ်ဗျာ။ စွဲချက်တင်တော့ လည်း အဲဒီအမှုနဲ့ပဲဗျာ။ အမိန့်ချတဲ့အခါကျတော့ ၁၄၇ ပြုတ်သွားတယ်ဗျာ။ ၁၈ ကို ၃ လချပြီးတော့ ရယ်၊ ၁၃၄ ကို ၃ လ၊ ပြီးတော့ ၅၀၅ (ခ)ကို ၆ လ အဲဒါကို တပေါင်းတည်းကျခံစေဆိုပြီး ကျနော်တို့ ၆ လပဲကျခံရတာပါ။ ချုပ်ရက်က ၃ လနဲ့ ၉ ရက် ချုပ်ရပ်ပါလျော့ပေးလိုက်တာ။” လို့ လွတ်မြောက်လာသူ ကိုဉာဏ်လင်းထက်က ပြောပါတယ်။
အမှုတခုထဲ စွဲဆိုခံရတဲ့ ကိုနိုင်ရဲဝေတော့ နောက်ထပ် ပုဒ်မ ၁၈ နဲ့ သီးသန့်တမှု စွဲဆိုခံခဲ့ရတဲ့အ တွက် ပြန်မလွတ်လာသေးဘူးလို့လည်း ကိုဉာဏ်လင်းထက်က ပြောပါတယ်။
DVB
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template