Headlines News :
Home » » အရွယ်ကြီးလာသည့် တိုင်ဖွန်းမုန်တိုင်း MAWARအိုကီနာဝါ ကျွန်းတောင်ဘက် မိုင် ၁၀၀ ခန့်၊ ပင်လယ်ပြင်မှ အရှေ့-အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားသွားမည်ဖြစ်ကြောင်း

အရွယ်ကြီးလာသည့် တိုင်ဖွန်းမုန်တိုင်း MAWARအိုကီနာဝါ ကျွန်းတောင်ဘက် မိုင် ၁၀၀ ခန့်၊ ပင်လယ်ပြင်မှ အရှေ့-အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားသွားမည်ဖြစ်ကြောင်း

Written By လွင့်မောင်မောင် on Monday, June 4, 2012 | 6:41 PM

By mmweather.ygn, on June 2nd, 2012
ဖိလစ်ပိုင်ပင်လယ်မှ တိုင်ဖွန်းမုန်တိုင်း MAWAR (04W)(ဖိလစ်ပိုင်အမည် AMBO) သည် ပိုမိုအားကောင်းလာနေပြီး မူလခန့်မှန်းထားသည့် လမ်းကြောင်းအတိုင်း ဆက်လက်ရွေ့လျားနိုင်မည်ဖြစ်ကြောင်း တွေ့ရပါသည်။ မုန်တိုင်း အရွယ်အစား အချင်း ကီလိုမီတာ ၅၀၀ အထိ ရှိလာသောကြောင့် ၄င်း ဖြတ်သန်းရွေ့လျားမည့်လမ်းကြောင်းပေါ်မှ Ishigak-Shima, Miyako Jima နှင့် Okinawa ကျွန်းများသည်လည်း မုန်တိုင်း လေပြင်း တိုက်ခတ်ခံရဘွယ်ရှိနေပါသည်။
T2K မှ ခန့်မှန်း ထုတ်ပြန်ချက်တွင်လာမည့် တနင်္လာနေ့ ညနေပိုင်း မတိုင်မီ (၂၄ နာရီအတွင်း) အဆင့်-၂ တိုင်ဖွန်းမုန်တိုင်း အဆင့်သို့ ရောက်ရှိလာမည်ဖြစ်ပါသည်။ လာမည့် ၃၆ နာရီ နောက်ပိုင်း တွင် အိုကီနာဝါကျွန်းအနီး သို့ အဆင့်-၂ တိုင်ဖွန်းမုန်တိုင်း အဖျားပိုင်း စတင်ဝင်ရောက်တိုက်ခတ်နိုင်မည်ဖြစ်ပြီး၊ ၄၈ နာရီနောက်ပိုင်းတွင် အိုကီနာဝါ ကျွန်းတောင်ဘက် မိုင် ၁၀၀ ခန့်၊ ပင်လယ်ပြင်မှ အရှေ့-အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားသွားမည်ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။
MAWAR is expected to start recurving for the next 12 to 24 hours and will accelerate slightly NNE through 72 hours. On the forecast track, the core of MAWAR will pass to the southeast of Okinawa, Japan on Tuesday.
Maximum Sustained Winds (1-min. avg) have increased to near 120 km/hr (65 knots) with higher gusts. MAWAR is expected to continue gaining strength and will become a Category 2 Typhoon on Monday. It will start losing strength beginning Tuesday as the system moves into an area of cooler, unfavorable sea surface conditions.
 
တိုင်ဖွန်းမုန်တိုင်း MAWAR ၏ အချင်း ၅၀၀ ကီလိုမီတာ အရွယ်အစားရှိ စက်ဝန်းများနှင့် ဖြတ်သန်း ရွေ့လျားမည့် လမ်းကြောင်း ခန့်မှန်းချက်(အပေါ်ပုံ) တိုင်ဖွန်းမုန်တိုင်း MAWAR ၏ အရှိန်ကြောင့် ဖြစ်ပေါ်လာသည့် တိမ်တိုက်များသည် တောင်တရုတ်ပင်လယ်အား ဖြတ်ကျော်ပြီး ထိုင်းပင်လယ်ကွေ့မှတစ်ဆင့်၊ မြန်မာနိုင်ငံ အောက်ပိုင်းဒေသများသို့ ရွေ့လျားဝင်ရောက်လျှက်ရှိကြသဖြင့် ဇွန်လ ၂ ရက် မြန်မာစံတော်ချိန် ညနေပိုင်းတွင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တို့ အပေါ်မှ မိုးတိမ်တိုက်များ ဖြတ်ကျော်သွားခဲ့ပြီး၊ မိုးသည်းထန်ခဲ့ကြောင်း တွေ့ရပါသည်။(အောက်ပုံ)

 
 လာမည့် ၄၈ နာရီမတိုင်မီ အိုကီနာဝါကျွန်းအနီးမှ ဖြတ်သန်း ရွေ့လျားမည့် တိုင်ဖွန်းမုန်တိုင်း MAWAR နှင့် လေပြင်းတိုက်ခတ်ခံရမည့် ဖြစ်နိုင်ခြေပြပုံ (TSR) – အောက်ပုံ
 
MMW Blog Mobile Link http://tinyurl.com/6h4nyso
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template