ဇွန်လ(၈)ရက်နေ့မှာ စတင်ကျင်းပမယ့် ၂၀၁၂-ဥရောပဖလား ဘောလုံးပွဲစဉ် အနိုင်အရှုံးစာရင်းတွေ ကို အလဲဗင်းမီဒီယာဂရုဖ်က မိုဘိုင်းဖုန်းတွေကနေတဆင့် SMS မက်ဆေ့ခ်ျပို့ပေးမဲ့အကြောင်း ကုမ္ပဏီ ကြေငြာချက်အရ သိရပါတယ်။ ဘောလုံးပွဲရလာဒ်တွေကို အဆင့်(၄)မျိုးခွဲပေးပို့မှာဖြစ်ပြီး အနိမ့်ဆုံး သတင်းတို ပေးပို့ချက်ကို ပွဲစဉ်အစအဆုံးအတွက် ကျပ် ၂၆၀၀၊ အဲဒီ့နောက် ပွဲစဉ်အတွင်း တစ်ဂိုးသွင်းပြီး တိုင်း မက်ဆေ့ခ်ျတစ်ခါပေးပို့မယ့် အစီအစဉ်အတွက် ကျပ် ၅၂၀၀ သတ်မှတ်ထားပါတယ်။ အလဲဗင်း မီဒီယာဂရုဖ်ဟာ မြန်မာနိုင်ငံမှာ မြန်မာ့ဆက်သွယ်ရေးနဲ့ပေါင်းပြီး အခုလို မိုဘိုင်းဖုန်းကတဆင့် သတင်း တိုပေးပို့တဲ့ တစ်ခုတည်းသော ကုမ္ပဏီဖြစ်ပါတယ်။