Headlines News :
Home » » သတ္ထုတွင်းဝန်ကြီးဌာနမှ The Voice ဂျာနယ်အပေါ် စွဲဆိုထားသည့် အမှု ဇွန်လ ၂၀ ရက်တွင် ရုံးချိန်း ထပ်မံခေါ်ယူထား

သတ္ထုတွင်းဝန်ကြီးဌာနမှ The Voice ဂျာနယ်အပေါ် စွဲဆိုထားသည့် အမှု ဇွန်လ ၂၀ ရက်တွင် ရုံးချိန်း ထပ်မံခေါ်ယူထား

Written By လွင့်မောင်မောင် on Thursday, June 7, 2012 | 4:53 PM

Thursday, 07 June 2012 03:11
 တ္တုတွင်းဝန်ကြီးဌာနမှ ဂျာနယ်အပေါ်စွဲဆိုထားသည့် အမှုအား နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တင်ပြသွား သင့် မသင့်အတွက် ဇွန်လ ၆ ရက်နေ့တွင် နှစ်ဖက်ရှေ့နေများက လျှောက်လဲချက် ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ လျှောက်လဲချက်ပေးခဲ့ပြီး နောက်လာမည့် ဇွန်လ ၂၀ ရက်နေ့သို့ ရုံးချိန်းထပ်မံပေးခဲ့ကြောင်း ဒဂုံမြို့နယ် တရားရုံးတွင် ဇွန်လ ၆ ရက်နေ့က ပြုလုပ်သည့် အဆိုပါအမှုရုံးချိန်းမှ သတင်းရရှိသည်။

''သတ္တုတွင်းဝန်ကြီးဌာနမှ The Voice ဂျာနယ်အပေါ် ပုဒ်မ ၅၀၀ နဲ့ စွဲထားတဲ့အမှုကို ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီ မညီ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဆုံးဖြတ်ချက်ရယူနိုင်ဖို့ လက်ရှိအမှုစစ်ဆေးခြင်းကို ရပ်ဆိုင်းပြီး အမှုကိုခုံရုံးကို ပေးပို့ပေးဖို့ တင်ပြပါတယ်''ဟုThe Voice ဂျာနယ်ဘက်မှ အမှုလိုက်ပါ ဆောင်ရွက်သူ ရှေ့နေဦးသိန်းညွှန့်က တရားရုံးတွင်လျှောက်လဲချက်ပေးခဲ့ပြီး တရားလို ရှေ့နေဘက်မှ အဆိုပါလျောက်လဲချက်ကို ရုံးတော်က လက်ခံရန် မသင့်ကြောင်း တင်ပြခဲ့သည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template