Headlines News :
Home » » မြန်မာနှင့်ထိုင်း ဆက်ဆံရေးပိုမိုကောင်းမွန်အောင် ဒေါ်အောင်ဆန်းစုကြည် ဆောင်ရွက်မည်

မြန်မာနှင့်ထိုင်း ဆက်ဆံရေးပိုမိုကောင်းမွန်အောင် ဒေါ်အောင်ဆန်းစုကြည် ဆောင်ရွက်မည်

Written By လွင့်မောင်မောင် on Thursday, June 7, 2012 | 12:13 AM

Wednesday, 06 June 2012 16:53
ဇွန်လ ၆ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကောင်းမွန်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါသည်။
ထိုင်းနိုင်ငံသို့ ခြောက်ရက်ကြာသွားခဲ့သော ခရီးစဉ်နှင့်ပတ်သက်၍ ဇွန်လ ၆ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်ရေးအတွက် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးတို့တွင် တန်းတူညီမျှမှုများ ရှိရမည်ဖြစ်ပြီး ထိုသို့ တန်းတူညီမျှ မှုများရှိရန်အတွက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်းလည်း ပြောပါသည်။''နှစ်နိုင်ငံဆက်ဆံရေး ကောင်းဖို့အတွက် ကျွန်မတို့နိုင်ငံမှာ ပြုပြင်သင့်တာတွေကို ပြုပြင်ဖို့လိုတယ်လို့ ကျွန်မမြင်ပါတယ်။ ဒီကိစ္စတွေကို အရင်လုပ်ရမယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

မေလ ၂၉ ရက်မှ ဇွန်လ ၃ အထိ ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့သောခရီးစဉ်နှင့် ပတ်သက်၍ ကျေနပ် ကြောင်း၊ ကြိုဆိုမှုများမှာ နွေးနွေးထွေးထွေးရှိကြောင်း၊ ထိုင်းနိုင်ငံကို ကျေးဇူးတင်ကြောင်းနှင့် ရွှေ့ပြောင်းအလုပ်သမားများ၊ ဒုက္ခသည်စခန်းများသို့ သွားရောက်တွေ့ဆုံခဲ့ကြောင်း၊ ရွှေ့ပြောင်းအလုပ်သမားများအရေးကို ကိုင်တွယ်ဆောင်ရွက်နေသော ထိုင်းဒုတိယ၀န်ကြီးချုပ်နှင့် တွေ့ဆုံကာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ဒုက္ခသည်စခန်းများတွင် တွေ့ကြုံနေရသော ပြဿနာများ၊ စိန်ခေါ်များနှင့် ပတ်သက်၍လည်း ရှင်းလင်းပြောဆိုခဲ့ကြသည်ဟု အဖွဲ့ချုပ်ဥက္ကဋ္ဌက ပြောပါသည်။ ''ဒုက္ခသည်တွေကို အတင်းအကြပ် ပြန်မပို့ပါဘူးလို့ ဒုဝန်ကြီးချုပ် က ပြောပါတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏ 'အန်တီစုကို အစိုးရဘက်က တရားဝင်ထုတ်ပြန်ပြီးတော့ ခေါင်းဆောင်ကြီးများလို့သုံးတဲ့အပေါ်မှာ အန်တီ ဘယ်လိုခံစားရပါသလဲ။ တကယ်များ သမ္မတကြီးက ဒီခရီးစဉ်မှာ စိတ်ပျက်သွားတယ်ဆိုတာ တကယ်များ ဟုတ်ပါသလား'ဆိုသည့် မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က နံပါတစ်ကတော့လေ တစ်ချို့တွေက အန်တီ့ကို ခေါင်းဆောင်ကြီးလို့ ပြောတာတွေ အန်တီကြားဖူးတယ်။ အဲဒီဆိုရင် အန်တီပြောတယ်။ ဘယ်တော့မှ အဲဒီလို မခေါ်ပါနဲ့လို့။ ခေါင်းဆောင်ကြီး ဆိုပြီးတော့ ကိုယ့်ကိုယ်ကိုယ် အမွှန်းတင်ပြီးတော့ နေနေလို့ရှိရင် အင်မတန်အန္တရာယ်များတယ်လို့ ကျွန်မထင်ပါတယ်၊၊ နောက်ကျွန်မက ခေါင်းဆောင်ကြီးလို့ ခေါ်လိုက်တာနဲ့ လောကဓံတရား ရှစ်ပါးကို အမြဲတမ်း နှလုံးသွင်းနေပါတယ်။ တစ်ခုကတော့ ဟိုကိစ္စကတော့ သမ္မတကြီးကနေ စိတ်ပျက်သွားတာလား ဆိုတာဒါတော့ ကျွန်မဖြေနိုင်တဲ့ကိစ္စလည်း မဟုတ်ပါဘူး။ ဘာဖြစ်လို့ ထိုင်းကို မလာဖြစ်လဲဆိုတာ ကျွန်မမသိပါဘူး။ ဒီကိစ္စတွေက သမ္မတကြီးကိုယ်တိုင် ဖြေရမယ့် မေးခွန်းတွေဖြစ်လို့ ကျွန်မကိုမမေးပါနဲ့လို့ တောင်းပန်ပါတယ်''ဟု ဖြေကြားခဲ့သည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template