Headlines News :
Home » » မြန်မာနိုင်ငံနှင့် ပတ်ဝန်းကျင် ရာသီဥတု အခြေအနေများ

မြန်မာနိုင်ငံနှင့် ပတ်ဝန်းကျင် ရာသီဥတု အခြေအနေများ

Written By လွင့်မောင်မောင် on Thursday, June 7, 2012 | 12:33 PM

By mmweather.ygn, on June 7th, 2012
ကပ္ပလီပင်လယ်ပြင်တွင် ဇွန်လ ၇ ရက် မြန်မာစံတော်ချိန် နံနက် ၀၂း၃၀ နာရီခန့်မှ စတင်၍ တိမ်တိုက်စုဖွဲ့ဖြစ်ပေါ်မှု အားကောင်းစွာ ဖြစ်ပေါ်လာနေပြီး၊ တိမ်တိုက်အရွယ်အစား အချင်း မိုင် ၅၀၀ ခန့် အထိ ကြီးမားနေကြောင်း နံနက် ၀၆း၃၀ နာရီတွင် ရရှိသည့် ဂြိုလ်တုဓါတ်ပုံတွင် တွေ့ရပါသည်။ ၄င်း တိမ်တိုက်သည် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းသို့ ဆက်လက်ရွေ့လျားနိုင်ပါသည်။ လေဖိအားနည်းဆဲလ် (Low Pressure Cell) ဖြစ်ပေါ်မှု အခြေအနေမရှိပါ။
ဂျပန်ပင်လယ်တွင် ဖြစ်ပေါ်ခဲ့သည့် တိုင်ဖွန်း မုန်တိုင်း MAWAR သည် အပူပိုင်းမုန်တိုင်း အဆင့်သို့ လျော့သွားပြီး ဂျပန်ပင်လယ်၌ အားပျော့ပျက်ပျယ်သွားပြီ ဖြစ်ကြောင်း သိရပါသည်။
အိန္ဒိယ သမုဒ္ဒရာတောင်ပိုင်း – အာရေဗျပင်လယ်တွင် ဖြစ်ပေါ်လျှက်ရှိသည့် အပူပိုင်း မုန်တိုင်း KUENA(20S) မှ အပ အိန္ဒိယ သမုဒ္ဒရာ၊ တောင်တရုတ်ပင်လယ်၊ ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်ပြင်နှင့် ပစိဖိတ် အနောက်မြောက်ပိုင်း အရှေ့ဖိလစ်ပိုင်ပင်လယ်တို့တွင်  မုန်တိုင်းဖြစ်ပေါ်မှု မရှိပါ။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template