သွေးစုပ်ဖုတ်ကောင်ဟု စွပ်စွဲခံရသူ အရိုးစု ရုပ်ကြွင်းများအား ဘူလ်ဂေးရီးယား နိုင်ငံတွင်ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။ ရှေးကျပြီး ကိုးကွယ်ယုံကြည်မှု ပြင်းထန်သော ခေတ်ကာလများတွင် သွေးစုပ်ဖုတ်ကောင်အဖြစ် သတ်မှတ်သည့်အတွက် ရင်ဘတ်ကို သံချောင်းဖြင့် ထိုးစိုက် သတ်ဖြတ်ခံထားရသော အလောင်း(၂)ခုကို မိမိတို့ တွေ့ရှိထားကြောင်း သုတေသီများက ဆိုသည်။ အလယ်ခေတ်က သွေးစုပ်ဖုတ်ကောင် ယုံကြည်မှုသည် ပြင်းပြင်းထန်ထန် ရှိနေခဲ့ပြီး သွေးစုပ်ဖုတ်ကောင်အဖြစ် ပြောင်းလဲနိုင်သူများအား ယခုလို သတ်ဖြတ်လေ့ရှိကြောင်း မှတ်တမ်းများက ဖော်ပြထားခဲ့သည်။
BBC