Headlines News :
Home » » မငြိမ်သက် မှု ဖြစ်စဉ် များ ၏ နောက် ကွယ် တွင် ဦးအောင်သောင်း ၊ ဦးကျော်ဆန်း နှင့် ကြံ့ခိုင်ရေး အမာခံ များ အဓိက နေရာ မှ ပါဝင် နေဟု ဆို

မငြိမ်သက် မှု ဖြစ်စဉ် များ ၏ နောက် ကွယ် တွင် ဦးအောင်သောင်း ၊ ဦးကျော်ဆန်း နှင့် ကြံ့ခိုင်ရေး အမာခံ များ အဓိက နေရာ မှ ပါဝင် နေဟု ဆို

Written By လွင့်မောင်မောင် on Wednesday, June 6, 2012 | 11:13 PM


Freedom News Group

00000000000000mandalay (1)
တင်ကျော်ကျော်စိုး ၊           ၊နေပြည်တော် သတင်း ရပ်ကွက် မှ ကြားသိရ သော သတင်းများ
ပြည်ထောင်စုကြံ့ ခိုင် ရေး နှင့် ဖွံ့ ဖြိုး ရေး ပါတီ ထိပ်တန်း ခေါင်းဆောင် တစ်ဦး ဖြစ်သည့်
ဝန်ကြီးဟောင်း ဦးအောင်သောင်း သည် လတ်တလော မြန်မာ နိုင်ငံ တွင် ဖြစ်
ပေါ် နေသည့် မငြိမ်သက် မှု များ နောက် ကွယ် ဉ် အရေး ပါဆုံး သူ တစ်ဦး
ဖြစ်နေသည် ဟု ပြောဆိုကြသည်။
ဦးအောင်သောင်း သည် ပြီးခဲ့ သည့် ရက်ပိုင်း အတွင်း က ယခင်သူ မကွေး တိုင်း တ၀တ
ဥက္ကဌ ဖြစ်ခဲ့ စဉ် က စစ်တပ် အရာရှိ ဟောင်းများ ကို ခေါ်ယူ တွေ့ ဆုံ ခဲ့ သည် ကာ ” ရခိုင်
ပြည်နယ် မှာ လိုအပ် လို့  အထူး တာဝန်ပေး အပ် မှု တွေ ပေါ် လာရင် ယုံကြည် စိတ်ချစွာ
နဲ့  ထမ်းဆောင် နိုင်မလား ဟု မေးမြန်း ခဲ့ သည်။
ဦးအောင်သောင်း သည် ပြီးခဲ့ သည့် သီတင်း ပတ် အတွင်း ရခိုင်ပြည် နယ် မှ ကြံ့ခိုင် ရေး
ပါတီ ခေါင်းဆောင် များ ကို ရန်ကုန် မြို့  နေပြည်တော် မြို့  တို့  တွင် နေရာ ခွဲ ၍ သီးသန့် 
တွေ့ ဆုံ ခဲ့ မှု များ ပြု လုပ် ခဲ့ သည် ဟု သိရသည်။
ဇွန်လ ၄ ရက်နေ့  နံနက် က ရခိုင် ပြည်နယ် မြို့  အချို့  တွင် ဝေငှခဲ့ သည့် စာ ရွက် များ မှာ
ဦးအောင်သောင်း ၏ စီစဉ် မှု ဖြင့် မကွေး တိုင်း မြို့  နယ် တွင်း ရှိ  ကြံ့ ခိုင်ရေး ပါတီ ၀င် အချို့ 
နှင့် စစ်တပ် အရာရှိ ဟောင်း အချို့  မှ စီစဉ် ခဲ့ ခြင်း ဖြစ်သည် ဟု နေပြည်တော် မြို့  ရှိ ကြံ့ခိုင်
ရေး ပါတီ ၀င် တစ်ဦး က ပြောသည်။
အဆိုပါ ပါတီ ၀င် က ” ကြား ဖြတ်ရွေးကောက် ပွဲ ကာလ မှာ ဦးအောင်သောင်း က ပြောဖူး
တယ် ။ မြန်မာ တွေ က ဘာသာ ရေး ၊ လူမျိုး ရေး နဲ့  ပတ်သက် ရင် အကဲ ဆတ် လို့ မဆုံး
ဘူး ဒါကို သိထား ဖို့  လိုတယ် ” ဟု ပြော ခဲ့ ဖူး သည်။
ဧပြီ လ ၁ ရက်နေ့  ကြား ဖြတ် ရွေကောက် ပွဲ အပြီး တွင် ကြံ့ခိုင်ရေး ပါတီ အရှုံး ကြီး ရှုံး နိမ့်
သွား ပြီး နောက် ဦးအောင်သောင်း ၏ မရပ် မနား ခရီး စဉ် များ တွင် သူ ၏ ဇာတိ ဖြစ်သည့်
တောင်သာ နှင့် ၀ဲလောင် ဒေသများ လည်း ပါဝင် သည်။ ထိုဒေသ များ သို့  သူ က လှို့ ဝှက်
သွား ရောက် ခဲ့ ခြင်း ဖြစ် သော် လည်း ဒေသ တွင်း ရှိ လက်မရွံ့ လူမိုက်များ ၊ ရာဇ၀င် လူ
ဆိုး များ ပျောက် ခြင်း မလှ ပျောက် ကုန် သည် ဟု ဆိုသည်။
ရိုးမ သစ္စာ မော်တော် ယာဉ် ပါ ခရီးသည် များ အား သတ်ဖြတ် မှု တွင် ဦးဆောင် ခဲ့ သူများ
မှာ လူစု လူဝေး အဓိကရုဏ်း ဖန်တီး မှု နှင့် လုပ်ကြံ မှု များ ကို  စနစ် တစ်ကျ ကျွမ်းကျင်
ထား သူများ က လုပ်ဆောင် ခြင်း ဖြစ် နိုင်ကြောင်း တောင်ကုတ် မြို့  မှ စစ်မှု ထမ်း ဟောင်း
တစ်ဦး က မှတ် ချက် ပြု ပြောသည်။

” ဟုတ်တယ် လေလဗျာ … ဒီကား မှာ မွတ်ဆင်လင် တွေ ပါလာ တယ် ဆိုတာ ဘယ်ပြည်
သူ သတင်း စုံစမ်း ထား မှာ လဲ ပြည် က နေ ထွက် ကတည်း က တစ်ယောက်ယောက် က
သတင်း ပေး လိုက်တာ ပေါ့ ၊ သတင်း ရ ရင် တောင် ချက် ခြင်း Mob ထ လုပ် ဖို့  ဆိုတာ
လွယ် တာမှ မဟုတ် တာ ” ဟု အဆို ပါ စစ်မှုထမ်း ဟောင်း က ပြောသည်။
သူက ” ဒီနှစ် ခု ဟာ တော်တော် ဖြစ်စဉ် တူတယ်။ အချိန်  ကာလ အရ ပါ မေလ ကုန် ဇွန်
လဆန်း ဆိုတာ လဲ တူ တယ် ဟု ဆိုသည်။
ဒီပဲယင်း လုပ်ကြံ မှု အပါ အ၀င် ၊ မော်တော် ကား တန်း များ ကို စနစ် တကျ တိုက် ခိုက်နိုင်
သည့် ကျွမ်းကျင် မှု မျိုး  ကို ဦးအောင်သောင်း ၏ အမာ ခံ များ က အတော် ပင် ကျွမ်းကျင်
နေ နိုင်သည် ဟု လည်း နေပြည်တော် မှ ကြံ့ခိုင် ရေး ပါတီ ၀င် တစ်ဦး က ပြောသည်။
တောင်သာ ဒေသ မှ ရဲ တပ် ဖွဲ့  နှင့် နီးစပ် သူ တစ်ဦး က ” သူ့ (ဦးအောင်သောင်း) ကို ဒေ
သခံ တွေ က ကျေးဇူး တင်နေကြတယ်။ လူဆိုး လူမိုက် တွေ ကို အလုပ် ပေး ဖို့  ခေါ် သွား
လို့  တယ် လို့  ပြောကြ တယ် ” ဟု FNG သို့  ပြောသည်။
ကြားဖြတ် ရွေးကောက် ပွဲ ဉ် ကြံ့ခိုင်ရေး ပါတီ ရှုံးနိမ့် ပြီး နောက် ပိုင်း တွင် ပါတီ ၀င် အချို့ က
ကြံ့ခိုင် ရေး ပါတီ ကို ကျော ခိုင်း သွား ကြ ခြင်း ကို ဦးအောင်သောင်း နှင့် ဦးဌေးဦး တို့  က မနှစ်
မြို့  ဟု ဆိုသည်။
မေလ နှောင်း ပိုင်း က ပြည်မြို့ တွင် လျှပ်စစ်မီး ရရှိရေး ဆန္ဒပြ မှု များ ဖြစ်ပွားခဲ့ စဉ် အတွင်း
ပြည်ထောင် တွင်း ဉ်ဖမ်းဆီးထား သည့် ဆန္ဒပြ သူ များ ကို ပြန်လွှတ်ပေး ရန် အတွက် အာမခံ
ပေး ခြင်း ကို ဦးအောင်သောင်း အမိန့်  ဖြင့် ပြည် ကြံ့ ခိုင်ရေး အဖွဲ့  ၀င်များ က ဆောင်ရွက် ရ
ခြင်း ဖြစ်သည်။
လတ်တလော မငြိမ် သက်မှု ဖြစ်စဉ် များ ဉ် ဦးအောင်သောင်း နှင့် အတူ နောက် ကွယ် မှ ကြိုး
ကိုင် စီစဉ် သည် ဟု ယူဆရသူ တစ်ဦး မှာ ပြန်ကြား ရေး ၀န်ကြီး ဦးကျော်ဆန်း ဖြစ် ပြီး ၎င်း
တို့  နှစ် ဦး လုံး ၏ ဘုံရည် မှန်းချက် မှာ အစိုးရ အဖွဲ့  အတွင်း ၊ ပါတီ တွင်း ဉ် ပို သြဇာ ညောင်း
လို ပြီး အာဏာ ချဲ့  ထွင် လို ကြသည်။
၂၀၀၂ ခုနှစ် မေလ ၃၀ ဒီပဲယင်း လုပ်ကြံ မှု ကို နောက်ကွယ် မှ စီစဉ် သူမှာ ဦးအောင်သောင်း
ဖြစ်သည် ဟု သတင်း များ ထွက် ပေါ် ခဲ့ ပြီး ၂၀၁၀ ခုနှစ် မြန်မာ ရိုးရာ အတာ သင်္ကြန် ကာလ
ဗုံးပေါက် ကွဲ မှု တွင် လည်း ဦးအောင်သောင်း သည်  ပါဝင် ပတ်သက် မှု ရှိ သည် ဟု မြန်မာ ၀ီ
ကီလိခ် သတင်း ထုတ် ပြန် ချက် တွင် ဖော် ပြထား သည်။
မေလ ဆန်း ပိုင်း မှ စပြီး ဦးအောင်သောင်း သည် နိုင်ငံရေး ၊ လူမျိုးရေး ၊ ဘာသာရေး သဘော
ထား တင်းမာ သူ များ ကို တိတ်တစ်ဆိတ် တွေ့  ဆုံ မှု ပြု ခဲ့ သည်။
ဦးအောင်သောင်း သည် မြန်မာ နိုင်ငံ တွင် အချမ်းသာ ဆုံး ပုဂ္ဂိုလ် တစ်ယောက် ဖြစ် သည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template