Headlines News :
Home » » ၇၄ ဇွန် ၆ အလုပ်သမား အရေးအခင်းနှစ်ပတ်လည်(ဓာတ်ပုံ)

၇၄ ဇွန် ၆ အလုပ်သမား အရေးအခင်းနှစ်ပတ်လည်(ဓာတ်ပုံ)

Written By လွင့်မောင်မောင် on Thursday, June 7, 2012 | 4:27 PM

Thursday, June 07, 2012  အိမ့်သံစဉ်  
ယမန်နေ့ဇွန်လ ၆ ရက်နေ့က ၁၉၇၄-ဇွန် အလုပ်သမားအရေးအခင်းအား အကြမ်းဖက် ဖြိုခွဲ လုပ်ကြံခံရသည့် ၃၈ နှစ်မြောက် နှစ်ပတ်လည်နေ့ အောက်မေ့ဖွယ်အခမ်းတခုကို ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ခမ်းမ တွင် ကျင်းပရာ ၇၄၊ ၇၅၊ ၇၆ ခုနှစ် မျိုးဆက်အသီးသီး၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ နိုင်ငံရေးပါတီများက စုံညီ စွာ တက်ရောက်ကြောင်းသတင်းရရှိသည်။

ဇွန် ၆ အလုပ်သမား သပိတ် အောက်မေ့ဖွယ် အခန်းအနား ကျင်းပစဉ် ဓာတ်ပုံ -YPI
၁၉၇၄ ဒီဇင်ဘာလ ဦးသန့် အရေးအခင်း၊၁၉၇၅ ဇွန်လ အလုပ်သမား သပိတ်နှစ်ပတ်လည် အရေးအခင်း (ခေါ်) ရွှေတိဂုံ အရေးအခင်း၊၁၉၇၆ မတ်လ မှိုင်း ရာပြည့် အရေးအခင်း စသည့် မဆလ စစ်အာဏာရှင်တို့ အား ဆန်ကျင်အံတု တောင်းဆိုတိုက်ပွဲဝင်ခဲ့သည့် ၇၄-၇၅-၇၆ အလုပ်သမား၊ ကျောင်း သား အရေးအခင်းကြီး (၄)ခုနှင့် နိုင်ငံရေး လှုပ်ရှားမှုများ မြစ်ဖျားခံဖြစ်သော ၇၄ အလုပ်သမားသပိတ်ကြီး ဖြစ်ခဲ့သည်။


၇၄-၇၅-၇၆ မျိုးဆက်မှ ခေါင်းဆောင်တဦးဖြစ်သူ ဘိုးတော်ခင်ဝင်း ပြောကြားနေစဉ်

၇၄-၇၅-၇၆ ခုနှစ် မျိုးဆက်များက ယခုကဲ့သို့ သတိရသည့်အထိမ်းအမှတ်ဖြင့် ရန်ကုန်မြို့တွင် ပထမဆုံး စည်ကားစွာ ကျင်းပခဲ့ခြင်းလည်းဖြစ်သည်။

NLD မှ ဦးဝင်းတင် ဟောပြောစဉ်


၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး ဟောပြောစဉ်

                                                               အခမ်းအနားသို့ တက်ရောက်လာကြသူများ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template