ကချင်ပြည်နယ်မှာ စစ်ပွဲတွေပြန်ဖြစ်တဲ့ တနှစ်ပြည့်အထိမ်းအမှတ် မီးမောင်းထိုးပြတဲ့အနေနဲ့ ဇွန်လ (၉) ရက်နေ့မှာ ထာဝရငြိမ်းချမ်းရေး အဖြူရောင်လှုပ်ရှားမှုတခုပြုလုပ်ဖို့  ပြည်တွင်း ငြိမ်းချမ်းရေးလိုလားသူ တွေက စီစဉ်နေပါတယ်။ ငြိမ်းချမ်းရေးသင်္ကေတ အဖြူရောင်အင်္ကျီနဲ့ ကချင်ပြည်သူတွေကို စာနာတဲ့ သင်္ကေတအဖြစ် ကချင်လုံချည်တွေ ဆင်တူဝတ်ဆင်ပြီး ဇွန်လ(၉)ရက် စနေနေ့ ညနေ (၄)နာရီ ရန်ကုန်မြို့တော်ခန်းမနဲ့  မဟာဗန္ဓုလပန်းခြံရှေ့ မှာ ဘာသာပေါင်းစုံ ဆုတောင်းပွဲပြုလုပ်ဖို့ စီစဉ်နေကြပါ တယ်။ အဲဒီလှုပ်ရှားမှုမှာ ငြိမ်းချမ်းရေးလိုလားသူတိုင်း ပူးပေါင်းပါဝင်ကြဖို့  PEACE NETWORK (ငြိမ်းချမ်းရေးကွန်ရက်) က နိုးဆော်ထားပါတယ်။