အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ မိတီလာမြို့ နယ်မှ ရွေးကောက် ခံ
လွတ်တော် ကိုယ်စားလှယ် ဖြစ်သူ ဦးဝင်းထိန် သည် Belgium နိုင်ငံ၊ Brussels
မြို့တွင် ( ၄ ဇွန် မှ ၈ ဇွန် ၂၀၁၂) အထိကျင်းပမဲ့ “The Summit of Alliance
of Liberal Democrats for Europe (ALDE) and Council of Asian Liberals and
Democrats (CALD) ကို တက်ရောက်ဘို့အတွက် ၃ -၆-၂၀၁၂ ညနေပိုင်းက
ရန်ကုန်မြို့မှ လေကြောင်း ခရီးဖြင့်ထွက်ခွာသွားပြီဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲသည် ဦးဝင်းထိန် ၂၀၁၁ နိုဝင်ဘာလက အင်ဒိုနီးရှားနိုင်ငံ၊ဘာလီမှာ တက်ရောက် ခဲ့သော ဆွေးနွေးပွဲ နှင့် ဆက်စပ် သော ဆွေးနွေးပွဲ လို့လည်းသိရပါတယ်။ ၄င်းအခမ်းအနားတွင် ဦးဝင်းထိန်မှ ၅ ဇွန် နေ့တွင် မိန့်ခွန်း စကားလည်းပြောကြားမည်ဟုသိရပါတယ်။
၎င်းဆွေးနွေးပွဲသို့ ကမာ့နိုင်ငံအသီးသီးမှ လွတ်တော်ကိုယ်စားလှယ်များတက်ရောက်မယ်လို့ သိရပါတယ်၊ ၄င်းဆွေးနွေးပွဲအပြီး ဇွန်လ ၉ ရက်နေ့တွင် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့သို့ ပုဂ္ဂိုလ် ရေး ခရီးစဉ် အဖြစ် ၂ ရက်ကြာ သွားရောက်လည်ပတ်ပြီး ရန်ကုန်မြို့သို့ ၁၂ ရက်နေ့တွင်ပြန်လည်ရောက်ရှိလာမည်ဟု ကြားသိရပါသည်။