Headlines News :
Home » » မိုးထိမိုးမိရွှေတွင်းလုပ်သားတွေ နေပြည်တော်သမ္မတအိမ်ထိသွားရောက်ဆန္ဒပြမည်

မိုးထိမိုးမိရွှေတွင်းလုပ်သားတွေ နေပြည်တော်သမ္မတအိမ်ထိသွားရောက်ဆန္ဒပြမည်

Written By လွင့်မောင်မောင် on Thursday, June 7, 2012 | 10:41 PM


ပီတာအောင်- DVB - ဇွန် -၇-၂၀၁၂

မန္တလေးတိုင်း ရမည်းသင်းမြို့နယ် မိုးထိမိုးမိတောင်ပေါ် ရွှေတွင်းလုပ်ကွက်တွေမှာ ဆက်လက် တူးဖော် လုပ် ကိုင်ခွင့်ရရေးအတွက် ရွှေတွင်းတူးလုပ်သားတွေနဲ့ မိသားစုတွေ ဒီကနေ့ ၇ ရက်မြောက်နေ့ အဖြစ် ဆန္ဒပြ နေကြပါတယ်။

ဧရိယာဧက (၆)ထောင် ကျော်လောက်ရှိတဲ့ ဒီရွှေလုပ်ကွက်နေရာမှာ အမျိုးသားကြီးပွါးတိုး တက်ရေး ကုမ္ပဏီ လီမီ တက်က ၅-နှစ်သက်တမ်းအတွက် ရွှေတူးဖော်ခွင့် လိုင်စင်ရရှိထားတာပါ။ ကုမဏီအနေနဲ့  ဒီလုပ်ကွက်မှာ ရွှေတူး ဖော်ဖို့ လုပ်ငန်း ရှင်တွေ နဲ့ ရွှေတူးသမားတွေကို နုတ်ကတိနဲ့ လုပ်ကိုင်ခွင့် ပေးထားရာကခုတော့ လုပ်ခွင့် ဆက် မပေး တော့တဲ့ အတွက် အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ကာ စားဝတ်နေရေးအခက်တွေ့ နေတဲ့အတွက် ဆန္ဒပြ နေကြ တာလို့ ရွှေတူးအလုပ် သမားတွေကပြော ပါတယ်။

ရွှေတွင်းတူးအလုပ်သမားတဦးက (ဒီနေ့ ကတော့ သူတို့ ဖိုင်နယ် ညှိမယ်လို့ ပြောထားတဲ့နေ့ လေ တော်ပေါ်မှာ ရှိတဲ့ ယောက်ကျား ကလေးမကျန်ထွက်ကြတာ။ ကျနော်တို့  ကတော့ ရွှေလုပ်သားတွေရဲ့ လုပ်ပိုင်ခွင့်ပေါ့။ သူတို့ နဲ့ လုပ်ငန်း စလုပ် တုန်းက ရှိခဲ့တဲ့လုပ်ငန်းလုပ်ပိုင်ခွင့်တွေ တောင်းဆိုတာပါ။ သူတို့ ကျနော်တို့ကိုဒီမှာလာပြီး ရင်းနှီးမြုပ်နှံဖို့ ဖိတ်ခေါ်ခဲ့တယ်။ ဖိတ်ခေါ်ခဲ့တဲ့အချိန်မှာကျနော်တို့ လုပ်ခဲ့ကြတယ်။ ခုဟာက သူတို့ ကကျနော်တိုရဲ့ လုပ်နေ တဲ့လုပ်ငန်းတွေကို ရပ်ဆိုင်းပြီးတော့ ဆင်းသွားလို့ပြောတဲ့နဲ့အတူတူပဲခင်ဗျ။ အဲဒါကိုမခံမရပ်နိုင်ဖြစ်ပြီးတော့ )

ကုမဏီအနေနဲ့ ၂ ၇က်အချိန်ယူပြီးလေ့လာကာ အကြောင်းပြန်မယ်လို့ အလုပ်သမားတွေကိုတုန့်ပြန်ထားပြီး အလုပ်သမားတွေကတော့ ပြေလည်အောင်ဖြေရှင်းမပေးရင် ရမည်းသင်းကနေ တဆင့် နေပြည်တော် သမ္မတ အိမ်ရှေ့ ထိသွားေ၇ာက်ပြီး ငြိမ်းချမ်းစွာ ချီတက်ဆနပြသွားမယ်လို့ ပြောပါတယ်။

ဒီပြသနာနဲ့ ပတ်သက်ပြီး ကုမဏီရဲ့  ရန်ကုန်ရုံးချုပ်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာတော့ ကုမဏီ အနေနဲ့ မေလ ၁ရက်နေ့ ကစပြီး သတ္တုတွင်း ၀န်ကြီး ဌာနရဲ့  ညွန်ကြားချက်အရ မိုင်းတွင်း ဘေးကင်း လုံခြုံမှုရှိရေး အတွက် နိုင်ငံတကာစံနှုန်း တွေအတိုင်းပြောင်းလဲ ဆောင် ရွက်နေတာဖြစ်ပြီး ရွှေမတူးဖို့ ပိတ်ပင် တားမြစ် ထားတာမဟုတ်ဘဲ သတ်မှတ်ချက်နဲ့ အညီ လုပ်ကိုင်ဖို့ သာပြော ထားတာလို့ ကပြောပါတယ်။

အမျိုးသား ကြီးပွားတိုးတက်ရေးကု ကုမဏီ က စီအီးအို ဒေါ်နန်ဒီလင်းက ‘ကျမတို့ စည်းမျဉ်း စည်းကမ်း အတိုင်းလိုက်နာမယ်ဆိုရင် လာလုပ်ပါလို့ ကျမတို့ကဖိတ်ခေါ်ထားပါတယ်။ လာလုပ်ပါလို့ လည်းပြော ထားပါတယ်။ ကျမတို့ သတ်မှတ်ထားတဲ့အတိုင်းလုပ်မယ်ဆိုရင်တော့ပြေလည်သွားမှာဘဲ။ ကျမတို့ ဘက်ကလည်း ပိတ်ထားတာမဟုတ်တဲ့အတွက်ကြောင့် သူတို့ အနေနဲ့ ကျမတို့ ချမှတ်ထားတဲ့စည်းမျဉ်းစည်းကမ်း အတိုင်း ရွှေတွင်းဘေးကင်းလုံခြုံရေး အတွက် သူတို့ ဘက်ကလည်း ၀ိုင်းဝန်းဆောင်ရွက်မယ်ဆိုရင်ကျမတို့ က ဘယ်သူမဆိုလက်ခံမှာဖြစ်ပါတယ် “ လို့ ပြောပါတယ်။

မိုးထိမိုးမိ ရွှေတွင်းထိ သွားရောက်သတင်းယူဖို့ ကြိုးစားတဲ့ ဒီဗွီဘီ သတင်းထောက်နဲ့ အလုပ်သမား အရေး လှုပ်၇ှားသူတွေကို ပြီးခဲ့တဲ့ညက ကုမဏီက ဆနပြအလုပ်သမားတွေဆီ ဆက်သွား ခွင့်မပေးဘဲ တားမြစ်ခဲ့တယ်လို့ ပြောပါတယ်။
(-ကျနော်တောင်ပေါ်ကိုတက်လာတယ် တက်လာတဲ့ အချိန်မှာ တခြားသူ တွေလည်းတက်နေတာတွေ့ တယ် ။ အတက်အဆင်းလဲရှိတယ်။ အဲဒါကို ကျနော်တို့ လည်း သာမန်လူ အနေနဲ့ ဘဲတက်လာတယ်။ တက်လာတဲ့ဟာကိုဒီရောက်လဲရောက်ရော ဘယ်ကလဲဆိုပြီး တော့ကျနော်က သတင်းမီဒီယာ ကပါဆိုတော့ သတင်းမီဒီ ယာဆိုရင် တောင်ပေါ်ကိုတက်ခွင့်မရှိပါဘူးတဲ့။ တက်ခွင့်မရှိဘူးဆိုပြီး လမ်း မှာပိတ် ထားတယ်။ တညလုံးလမ်းမှာအိပ်နေရတယ်။ ခုချိန်ထိလမ်းပေါ်မှာပဲရှိသေးတယ် )

ကုမဏီကတော့ သူတို့ ရဲ့ ပိုင်နက်လုပ်ငန်းခွင့်ဖြစ်လို့ ဝင်ခွင့်မပေးရတာလို့ ပြန်လည်တုန့် ပြန်ပါတယ်။ ရမည်း သင်းမြို့ နယ်ရဲ တပ်ဖွဲ့ ကတော့ ဒီပြသနာကို သိရှိတဲ့အကြောင်းနဲ့  ဆန္ဒရိုးရိုးပြနေတာဖြစ်တဲ့အတွက် စောင့်ကြည့်တဲ့ အကြောင်း ပြောပါတယ်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template