Headlines News :
Home » , » ဒေါ်အောင်ဆန်းစုကြည်နဲ့ ယူကေရောက် မြန်မာပြည်သားတို့ တွေ့ဆုံပွဲ

ဒေါ်အောင်ဆန်းစုကြည်နဲ့ ယူကေရောက် မြန်မာပြည်သားတို့ တွေ့ဆုံပွဲ

Written By လွင့်မောင်မောင် on Thursday, June 7, 2012 | 12:26 AM

Wednesday, June 06, 2012  Sithu Linn  1 comment
~


ဒီလ ၂၂ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည် လန်ဒန်ကို ရောက်မယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပွဲ တက်ရောက်လိုသူများ လက်မှတ် ၀ယ်ယူကြဖို့ လိုအပ်တယ်လို့ သိရပါတယ်။ လူဦးရေ ကန့်သတ်ထားပါတယ် တဲ့။

ဒီ Facebook http://www.facebook.com/pages/SandyThinMarOo/350219555103 မှာ တွေ့ရတဲ့အတိုင်း ကူးယူ ဖော်ပြလိုက်ပါတယ်။

Sandy Thin Mar Oo (Mobile : 07834593617 and phoethin@hotmail.co.uk ) ထံတွင် ဆက်သွယ်ပြီး လက်မှတ်များ စတင် ဝယ်ယူနိုင်ပါပြီ။ လက်မှတ်ကို အထူး အချိန် ကန့်သတ်ထားပါသဖြင့် အမြန်မှာယူကြပါရန် လေးနက်စွာ တိုက်တွန်းပါသည်။ အမေစုသည် မြန်မာတိုင်းရင်းသား ညီအကိုမောင်နှမများကိုသာ ဦးစားပေးတွေ့ဆုံချင်သော ပြင်းပြသော ဆန္ဒရှိနေပါသဖြင့် "ယူကေ" နိုင်ငံ အနယ်နယ်အရပ်ရပ်တွင် ရှိနေပါသော ညီအကိုမောင်နှမများ အမြန်ဆက်သွယ်ကြပါရန်။ မေတ္တာဖြင့် စန္ဒီသင်းမာဦး ♥♥♥
(အောက်တွင် သတင်းအပြည့်အစုံကို ဖတ်ရှုကြပါရန်)



Dassk London @

June လ ၂၂ ရက်နေ့ ၂၀၁၂ ခုနှစ်တွင် ယူကေနိုင်ငံသို့ ရောက်ရှိလာမည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပွဲကို လန်ဒန်မြို့ Royal Festival Hall တွင် ကျင်းပမှာ ဖြစ်ပြီး .. လက်မှတ်များကို စာရင်းပေး၍ ဝယ်ယူရရှိနိုင်ပါပြီ။ အခမ်းအနား ကျင်းပမည့် အချိန် အတိအကျကို ဆက်လက် ကြေငြာသွားမည် ဖြစ်ပါသည်။ (သို့သော် ကျင်းပချိန် ၂ နာရီ ကြာမြင့်မှာ ဖြစ်ပြီး မနက် ၈ နာရီမှ ၁၂ အတွင်းတွင်သာ ဖြစ်ပါမည်။)

လက်မှတ်တစ်စောင်လျှင် စတာလင် ပေါင် (၁၀) သတ်မှတ်ပြီး ... အမှန်တကယ် တတ်ရောက်သူများသာ ဝယ်ယူစေလိုပါသည်။ လက်မှတ်ဝယ်ပြီး မလာနိုင်လျှင် ခန်းမတွင် နေရာလပ်ဖြစ်နေပြီး .. အမှန်တကယ် တတ်ရောက်လိုသူတစ်ယောက်အတွက် အခွင့်အရေး လျော့နည်းသွားမည်ကို မဖြစ်စေလိုသောကြောင့် ဖြစ်ပါသည်။ လက်မှတ် အရေအတွက်မှာ ကန့်သတ်မှုရှိသောကြောင့် ဦးရာလူစနစ်ဖြင့် ... စာရင်းပေး ရယူနိုင်ပါသည်။ ယခု ရောင်းချမည့် လက်မှတ်များမှာ မြန်မာနိုင်ငံသားများအတွက် ဦးစားပေးရောင်းချမှာ ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ လူမျိုးများ၏ မိသားစုဝင်ဖြစ်သော Non-Burmese မှလွဲ၍ .. အခြား မြန်မာမဟုတ်သည့် သူ (Non-Burmese) များသည် Royal Festival Hall တွင် ဆက်သွယ် ဝယ်ယူနိုင်ကြောင်း မိမိနှင့် နီးစပ်သော စိတ်ဝင်စားသည့် သူများကို သတင်းပါးနိုင်ပါသည်။

လက်မှတ်ဝယ်ယူလိုသူများသည် မိမိတို့၏ နာမည်၊ ဖုန်းနံပါတ်၊ အီးမေးလ် လိပ်စာ (၃)မျိုးဖြင့်... လက်မှတ်ဖိုး ပေးချေကာ .. မိမိတို့နှင့် နီးစပ်ရာ အဖွဲ့အစည်းများနှင့် dassklondonevent@gmail.com သို့ စာရင်းပေးဝယ်ယူနိုင်ပါသည်။ (ငွေပေးချေရေးအတွက် မိမိစာရင်းပေးထားသော အဖွဲ့တွင်၎င်း၊ dassklondonevent@gmail.com တွင်လည်းကောင်း မေးမြန်း ပေးချေနိုင်ပါသည်။)

ကလေးငယ်များအား ခန်းမသို့ ခေါ်ဆောင်လာမည့် မိဘများအတွက် .. သေချာ စဉ်းစား ဆုံးဖြတ်စေလိုပါသည်။ မိမိ၏ ကလေးများ ဆော့ကစားခြင်း၊ ငိုခြင်း၊ အခြားသူများအား အနှောက်အယှက် ဖြစ်ခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် .. အထက်ပါ အနှောက်အယှက် ဖြစ်စေနိုင်မှုများကို တာဝန်ယူစေလိုပါသည်။ အသက် ၅ နှစ်အောက် ကလေးငယ်များ ခေါ်ဆောင်လာမည့် မိဘများ အနေဖြင့် dassklondonevent@gmail.com သို့သာ ဆက်သွယ် ဝယ်ယူရမည် ဖြစ်ပါသည်။

စည်းကမ်းချက်များ ...

အခမ်းအနားတတ်ရောက်သူများအားလုံး ရိုးရာဝတ်စုံများဖြင့်ဝတ်ဆင်ကာ မိမိတို့ နိုင်ငံ၏ ဂုဏ်ဆောင်မည့် ပွဲအဖြစ် .. မှတ်ယူ ဝတ်ဆင်စေလိုပါသည်။ အကယ်၍ ရိုးရာ ဝတ်စုံ မရှိသူများ အနေဖြင့် အခမ်းအနား ဝတ်စုံပြည့်ဖြင့် ဝတ်ဆင် တက်ရောက် ရမည်ဖြစ်ပါသည်။

ကင်မရာများ ယူဆောင်ခွင့်ရှိသော်လည်း Flash မဖွင့်ဘဲ မိမိ ထိုင်ခုံနေရာမှသာ ဓါတ်ပုံ၊ ဗွီဒီယို ရိုက်နိုင်ပါသည်။

အခမ်းအနား မ "စ" ခင် နာရီဝက်ခန့်စော၍ ခန်းမသို့ ရောက်ရှိစေလိုပါသည်။ သို့မှသာ အခမ်းအနား စတင်ချိန်တွင် အကုန်လုံး နေရာယူပြီး ပွဲစတင်နိုင်မှာဖြစ်ပါသည်။ (အခမ်းအနားအား အချိန်အတိအကျဖြင့် ကျင်းပသွားမှာ ဖြစ်ပါသည်။)

မေးခွန်းများ ...

အခမ်းအနားနှင့် သက်ဆိုင်သော မေးခွန်းများရှိလျှင် ဤနေရာတွင် လွတ်လပ်စွာ မေးမြန်းနိုင်ပြီး .. ဤနေရာမှ ကြေငြာသည့် သတင်းများသည်သာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေဆုံပွဲ အခမ်းအနားသတင်း အမှန်ဖြစ်ပါသည်။

(အခမ်းအနား ဖြစ်မြောက်ရေး အဖွဲ့ - လန်ဒန်)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template