Headlines News :
Home » » မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုများမှ တစ်ဆင့် သင်ခန်းစာယူရန် မြောက်ကိုရီးယားကို တောင်ကိုရီးယား သမ္မတတိုက်တွန်း

မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုများမှ တစ်ဆင့် သင်ခန်းစာယူရန် မြောက်ကိုရီးယားကို တောင်ကိုရီးယား သမ္မတတိုက်တွန်း

Written By လွင့်မောင်မောင် on Thursday, June 7, 2012 | 4:34 PM

Thursday, 07 June 2012 14:33
 မြန်မာနိုင်ငံတွင် မကြာသေးမီက ဖြစ်ပေါ်ခဲ့သော နိုင်ငံရေးပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုများမှ တစ်ဆင့် မြောက်ကိုရီးယား အနေဖြင့် သင်ခန်းစာယူသင့်ပြီး ဆယ်စုနှစ်များစွာအကြာ နိုင်ငံတကာနှင့် မဆက်ဆံဘဲ အထီးကျန်စွာနေထိုင်မှုကို အဆုံးသတ်ရန် တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်က ဇွန်လ ၆ ရက်တွင် တိုက်တွန်းခဲ့ကြောင်း သိရသည်။ ဇွန်လ ၆ ရက်တွင် နှစ်စဉ်ပြုလုပ်လေ့ရှိသော အောက်မေ့ဖွယ်နေ့ (ကိုရီးယားစစ်ပွဲနှင့် အခြားစစ်ပွဲများတွင် သေဆုံးခဲ့သူများကို ဂုဏ်ပြုသည့်နေ့) တွင် လီမြောင်ဘတ်က မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံနှင့် ဆက်ဆံရေး တိုးမြှင့်သွားမည်ဟု ပြောကြားခဲ့သည်။

လီမြောင်ဘတ်သည် မြန်မာနိုင်ငံသို့ ပြီးခဲ့သောလတွင် သွားရောက် ခဲ့ပြီး ၁၉၈၃ ခုနှစ်နောက်ပိုင်း တောင်ကိုရီးယားသ မ္မတတစ်ဦး၏ ပထမဆုံး ခရီးစဉ်တစ်ခုဖြစ်ခဲ့သည်။ ၁၉၈၃ ခုနှစ်တွင် တောင်ကိုရီးယား သမ္မတချန်ဒူးဝမ်တို့အဖွဲ့ မြန်မာနိုင်ငံသို့ သွားရောက်စဉ် မြောက်ကိုရီးယားအေဂျင့်များ၏ ဗုံးခွဲလုပ်ကြံမှုဖြစ်ပွားခဲ့ပြီး ချန်ဒူးဝမ် မှာ သီသီကလေး လွတ်မြောက်ခဲ့ကာ တောင်ကိုရီးယား နိုင်ငံသား ၁၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် သဘာဝသယံဇာတ ကြွယ်ဝပြီး နိုင်ငံအကျယ်အ၀န်း ကြီးမားသော်လည်း မြောက်ကိုရီးယားကဲ့သို့ပင် လူတစ်ဦးချင်းစီ၏ တစ်နှစ်ပျမ်းမျှဝင်ငွေမှာ အမေရိကန် ဒေါ်လာ ၇၀၀ ခန့်သာရှိကြောင်း လီ က ပြောကြားခဲ့သည်။ အတိတ်ကာလတွင် တံခါးပိတ်ဆိုရှယ်လစ် စီးပွားရေးစနစ် ကျင့်သုံးပြီး နိုင်ငံတကာနှင့် မဆက်ဆံဘဲ အထီးကျန် စွာ နေထိုင်မှုတို့ကြောင့် ယင်းကဲ့သို့ ဆင်းရဲမွဲတေမှု ကြုံရခြင်းဖြစ်ကြောင်း လီက ပြောကြားခဲ့သည်။
လီမြောင်ဘတ် ခရီးစဉ်အတွင်း မြန်မာအစိုးရကလည်း နျူကလီးယား လက်နက်ပိုင်ဆိုင်သော မြောက်ကိုရီးယားနှင့် စစ်ရေးပူးပေါင်းဆောင်ရွက် မှု လုပ်ဆောင်မည် မဟုတ်ဟု ကတိပြုခဲ့ကြောင်း သိရသည်။
Ref:AFP
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template