Headlines News :
Home » » အစိုးရတပ်များမှ ပစ်ခတ်မှုကြောင့် အကြမ်းဖက်သမား ဘင်္ဂလီများ နယ်စပ်သို့ ထွက်ပြေး

အစိုးရတပ်များမှ ပစ်ခတ်မှုကြောင့် အကြမ်းဖက်သမား ဘင်္ဂလီများ နယ်စပ်သို့ ထွက်ပြေး

Written By လွင့်မောင်မောင် on Saturday, June 9, 2012 | 11:59 AM

စောဇင်ညီ(မြစ်မခ)
ဇွန် ၈၊ ရန်ကုန်မြို့။

အစိုးရတပ်၊ နယ်စပ်ကာကွယ်ရေးအဖွဲ့၊ လုံထိမ်းအဖွဲ့စသည့်အဖွဲ့များကမောင်းတောဒေသတွင်းသို့ ၀င်ရောက်အကြမ်းဖက် လျက်ရှိသော ဘင်္ဂလီလူမျိုးများအား ပစ်ခတ်သောကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်သို့
ထွက်ပြေးသွားကြကြောင်း မောင်းတော ဒေသရှိ ဒေသခံပြည်သူများထံမှ သိရှိရသည်။


` ညနေ ၆နာရီလောက်က ထွက်ပြေးသွားကြတယ်၊ တပ်က ခြောက်ပြီးပစ်တယ်၊ ပစ်တော့ ပစ်ကြတာပဲ ကျမတို့လည်းပြေးနေတော့ ထိလားမထိလား မသိဘူး` ဟုမောင်းတောဒေသရှိ   ဒေသခံပြည်သူ တဦးက ပြောသည်။

ယနေ့ နေ့လည် ၁၁နာရီကျော်ခန့်က  ဘင်္ဂလီလူမျိုးအချို့က ရခိုင်ပြည်နယ်၊မောင်းတောမြို့ရှိ ဗိုလ်ချုပ်ရွာ၊အလယ်ရွာအပါအ၀င်   ကျေးရွာ ၁၄ ရွာရှိလူနေအိမ်များအား မီးရှို့ဖျက်ဆီးပြီး အကြမ်းဖက်ခဲ့ကြကြောင်း မောင်းတောဒေသခံများထံမှ သိရှိရသည်။

 “မြို့မှာ ရွာတစ်ရွာကိုမီးကိုမီးရှိခဲ့တယ်။နယ်စပ်မှာတော့ရွာတွေအများကြီးရှို့ ထားတယ်။ကမ္ဘောဇဘဏ်နဲ့ ယူနိုက်တက်ပိာုတယ်ကိုလည်း
ဖျက်စီးထားတယ်”ပာု မောင်းတောမြို့ခံ ဦးအောင်ထွန်းကပြောသည်။

အဆိုပါအကြမ်းဖက်မှုကြောင့် ရခိုင်လူမျိုး ၃၀ဦးဖြင့် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ “ဘင်္ဂလီတွေက ရခိုင်အိမ်တွေကိုဝင်စည်းတယ်၊  မြို့ထဲမှာတော့ပိာုပြေးဒီပြေးနဲ့  ရခိုင်လူမျိုးတွေပြေးနေရတယ်”ပာု မျက်မြင်တွေ့ရသောနယ်ခံတစ်ဦးကပြောသည်။

အဆိုပါ အကြမ်းဖက်မှုကြောင့် ညနေ ၃နာရီခွဲအချိန်ခန့်တွင် ရဲတပ်ဖွဲ့မှအစိုးရထံမှ ပစ်မိန့်ရရှိခဲ့ပြီး ခြောက်လှန့်ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

“ရဲတွေက ကျွန်မတို့ကိုဘေးလွတ်ရာကိုပြေးခိုင်းတယ်။ပြေးနေတဲ့လူအုပ်ကိုဘင်္ဂလီတစ်ယောက်က တိုက်ပေါ် ကနေ သေနတ်နဲ့ လှမ်းပစ်တယ်။ အဲဒီကနေစပြီးရဲတပ်ဖွဲ့က ပြန်ပစ်တာ”ပာု မောင်တောမြို့မှ မျက်မြင်တွေ့မြင်ရသူမစံခင်ကပြောသည်။

 by Shwe Myitmakha Media Group

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template