၂၀၁၄ ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာတွင်
မူလတန်းပြနှင့် အလယ်တန်းပြဆရာ၊ ဆရာမအင်အား ၁၂၀၀၀၀၀န်းကျင်ဖြင့်
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာ ၀န်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
၂၀၁၄ခုနှစ်တွင် ကောက်ယူမည့် လူဦးရေသန်းခေါင်စာရင်းကို လုပ်ငန်းအဆင့် ၎
ဆင့်ခွဲကာ ဆောင်ရွက်သွာမည်ဖြစ်ပြီး ပထမအဆင့်အနေဖြင့်
ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းကို ၂၀၁၁ခုနှစ် မေလမှ စတင်ခဲ့ကြောင်း
သိရှိရသည်။
ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာတွင် လူဦးရေကို သန်း
၆၀ခန့်ဖြင့် အခြေခံဆောင်ရွက်သွားမည်ဖြစ်ပြီး အိမ်ထောင်စုကို ၁၁ သန်းခန့်၊
မြို့နယ်ပေါင်းကို ၃၃၀၊ ရပ်ကွက်ပေါင်းကို ၃၀၅၁၊ ကျေးရွာအုပ်စုပေါင်း ၁၃၆၂၀၊
ကျေးရွာပေါင်း ၆၄၁၄၁ကို အခြေခံကိန်းဂဏန်းအဖြစ် အသုံးပြုသွားမည်ဖြစ်ကြောင်း
သိရှိရသည်။
အဆိုပါ အခြေခံအချက်များအပေါ် မူတည်ကာ စာရင်းကောက်ယူသည့်အခါတွင်
ပျမ်းမျှအိမ်ခြေ ၁၂၅မှ ၁၅၀ကြားအား ကောက်ကွက်တစ်ကွက်အဖြစ်
သတ်မှတ်ဖွဲ့စည်းသွားမည်ဟု သိရှိရသည်။
''တစ်နိုင်ငံလုံးမှာ ကောက်ကွက်ပေါင်း ၉၁၀၀၀ခန့် ရှိမှာဖြစ်ပါတယ်။
ကောက်ကွက်တစ်ကွက်မှာ စာရင်း စာရင်းကောက်(၁)ဦး၊ ကောက်ကက် ၅ကွက်ကို စာရင်းစစ်
(၁)ဦး ခန့်ထားဆောင်ရွက်မှာဖြစ်တဲ့အတွက် စုစုပေါင်းကောက်ကွက် ၉၁၀၀၀ အတွက်
အရံအင်အားကိုပါ ထည့်တွက်ရင် စာရင်းကောက်အင်အား ၁သိန်းနဲ့ စာရင်းစစ်အင်အား
၂၀၀၀၀ခန့်နဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်တွေမှာ
အသင့်တော်ဆုံးဖြစ်မယ့် ပညာရေးဝန်ထမ်းများရဲ့ ကူညီမှုနဲ့
ဆောင်ရွက်သွားမှာဖြစ်ပြီး မူလတန်းပြ ဆရာ၊ ဆရာမများကို
စာရင်းကောက်အဖြစ်လည်းကောင်း၊ အလယ်တန်းပြ ဆရာ ဆရာမများကို
စာရင်းစစ်အဖြစ်လည်းကောင်း သတ်မှတ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်''ဟု
ပြောကြားခဲ့သည်။
ပြည်လုံးကျွတ် သန်းခေါင်စာရင်းမှ ကောက်ယူရရှိသည့် အချက်အလက်များသည်
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများတွင် အသုံးပြုရန်အတွက်ဖြစ်ပြီး
အခွန်ဆောင်ခြင်းဆိုင်ရာ ကိစ္စများနှင့် သက်ဆိုင်ခြင်းမရှိကြောင်း၊ ထို့ပြင်
စာ ရင်းစစ်၊ စာရင်းကောက်များသည် နိုင်ငံဝန်ထမ်းများဖြစ်သည့်အတွက်
စာရင်ကောက်ယူရန် လာရောက်ချိန်တွင် ကြည်ဖြူစွာ ဆက်ဆံကြရန်လိုကြောင်း ၎င်းက
ဆက်လက်ပြောကြားခဲ့သည်။
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
-
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
လွန်ခဲ့တဲ့နှစ်များဆီသို့ပြန်တမ်းတတိုင်း
မျက်ဝန်းထဲမှာ သခင့်ရုပ်လွှာ သက...
9 years ago

