
ယနေ့ နေ့ နံနက် ၁၀ နာရီတွင် ဆရာစူးမြင့်သိန်းက အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေး နေ့ အကြို တစ်ကိုယ်တော် ပါဖော့မန့် ပြကွက် ပြသခဲ့သည်။
၃၈လမ်း၊ ၆၉လမ်း ရှိ အလင်းတံခါးပန်းချီ၊ပန်းပု ပြခန်းမှ စတင်၍ လမ်းလျှောက်ပါဖော့မန့် ပြခဲ့သည်။
၈၄လမ်း ၊ ၂၉ x ၃၀ လမ်း အရောက်တွင် ပါ့ဖော့မန့် ပြနေသော ဆရာစူးမြင့်သိန်း အား အရပ်ဝတ်ရဲများက ကားနံပါတ်(၂ခ/၃၂၂၀) မီနီလိုက်ထရပ်အဖြူရောင်ကားဖြင့် ခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။
သတင်း၊ ဓာတ်ပုံ - CJM-1717
Credit ~ CJMyanmar

CJ Myanmar ဖေ့စ်ဘုတ်တွင် သတင်းဖတ်သူတဦးက - ဟိုပင်သား ဆရာ စူးမြင့်သိန်း (စာလုံးပေါင်းအမှန်က စူးလို့ ထင်ပါတယ်။ ဆရာက ပန်းချီရော၊ ပန်းပုရော စွယ်စုံရတဲ့သူပါ။ စူး ဆိုတာ ပန်းပုမှာ သုံးတဲ့ စူး ဆောက် စတဲ့ ကိရိယာ တန်ဆာပလာကနေလာတာပါ) ဟု ရေးထားသည်။

ဧရာဝတီ ဘူသါ