။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး မြို့နယ်၊
လက်ပန်တောင်းတောင်၊ ကြေးနီစီမံကိန်းမှာ ဧရာဝတီ မြစ်ဆုံစီမံကိန်းကဲ့သို့
အန္တရာယ်ကြီးပြီး ဦးပိုင် လက်ဝါးကြီးအုပ် လုပ်ကိုင်နေသည့်အတွက်
ထိုစီမံကိန်း ရပ်တန့်ရန် ပြည်သူများနှင့်အတူ ကန့်ကွက်မည်ဟု
ဦးမိုးသီးဇွန်တို့နှင့်အတူ လယ်မြေသိမ်းခံ ကျေးရွာများသို့ ကွင်းဆင်း
လေ့လာနေသူ ကိုရဲလင်း က ပြောသည်။
စီမံကိန်းမှမှ ထွက်ရှိသည့် ဓါတုဗေဒစွန့်ပစ်ပစ္စည်းများအား
ချင်းတွင်းမြစ်အတွင်း စွန့်ပစ်မှုကြောင့် တမျိုးသားလုံး
ထိခိုက်လာမှာဖြစ်သည်ဟု ၎င်းက ဆိုသည်။
“ဧရာဝတီ မြစ်ဆုံစီမံကိန်းလို တနိုင်ငံလုံး အတိုင်းအတာနဲ့ ပါတ်သက်တယ်။
လူထုလူတန်းစား အလွှာအသီးသီးနဲ့ ပါတ်သက်တယ်။ ဒီဖြစ်စဉ်က အရမ်း အရေးကြီးပါတယ်။
စီမံကိန်း အနီးအနားက ရွာတွေသာမကဘဲ ချင်းတွင်းမြစ်ထဲ ကို
စွန့်ပစ်ပစ္စည်းတွေ၊ ဓါတုဗေဒပစ္စည်းတွေ အဆိပ်တွေ ပါတာပေါ့ဗျာ။ အဲဒါတွေက
ချင်းတွင်းမြစ်ထဲကို စီးမယ်။ ချင်းတွင်းမြစ်ထဲကနေ ဧရာဝတီမြစ် ထဲကိုစီးမယ်။
ရေသံယံဇာတတွေ ထပ်ပြီးပျက်စီးဦးမယ်၊ အခုတောင် မြေသံယံ ဇာတ တွေ တော်တော်
ပျက်စီးနေတာ ကျနော်တို့တွေ့နေရတယ်ဗျာ” ဟု မဇ္ဈိမကို ပြောသည်။
နယူးဒေလီ (မဇ္ဈိမ) ။