Headlines News :
Home » » အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့လှုပ်ရှားမှုများ(၂၁-၉-၂၀၁၂)

အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့လှုပ်ရှားမှုများ(၂၁-၉-၂၀၁၂)

Written By လွင့်မောင်မောင် on Saturday, September 22, 2012 | 1:08 AM

                                                     (မန္တလေးမြို့)



၂၀၁၂ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျရောက်သော အပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ငြိမ်းချမ်းရေးဆန္ဒပြုပွဲကို စက်တင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်က မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် တောင်သမန်အင်းစောင်းရှိ မဟာဂန္ဓာရုံကျောင်းတိုက်အနီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို မန္တလေးမြို့ စိမ်းရောင်စို Activities မှ ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်ပြီး ငြိမ်းချမ်းရေးမြတ်နိုးသူများ၊ စစ်ကို မလိုလားသူများ တက်ရောက်ဆန္ဒပြုခဲ့ကြသည်ကို တွေ့ရသည်။
အခမ်းအနားတွင် စိမ်းရောင်စိုအဖွဲ့မှ တည်ထောင်ထားသည့် ငြိမ်းချမ်းရေးလက်နက် တေးဂီတအဖွဲ့မှ ငြိမ်းချမ်းရေးတေးသီချင်းခုနှစ်ပုဒ်ကို သီဆိုခဲ့ပြီး ညနေ ၄ နာရီအချိန်တွင် ငြိမ်းချမ်းရေးအထိမ်းအမှတ်အဖြစ် ငါးမိနစ်ကြာ ငြိမ်သက်ခဲ့ကြသည်။
ထို့နောက် ကဗျာဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်)မှ ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် အမှာစကားပြောကြားခဲ့ပြီး ကဗျာဆရာမောင်နွေထက်၊ ကဗျာဆရာ မောင်နီဦးတို့မှ ငြိမ်းချမ်းရေးကဗျာများ ရွတ်ဆိုခဲ့ကြသည်။

ယင်းဆန္ဒပြုပွဲသို့ လူဦးရေ ၃၀၀နီးပါးလာရောက်ခဲ့ကြပြီး တစ်နိုင်ငံလုံးစစ်ပွဲရပ်အကျီင်္နှင့် ခေါင်းစီးများဝတ်ဆင်ကာ ဆန္ဒပြုခဲ့ကြသည်။ ပွဲကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့်ပတ်သက်ပြီး စိမ်းရောင်စိုအဖွဲ့ဥက္ကဌဦးတင်သစ်မှ “ဒီနေ့ဟာ ကမ္ဘာသူ၊ ကမ္ဘာသားအားလုံးနဲ့ သက်ဆိုင်တဲ့နေ့၊ အထူးသဖြင့် ကျွန်တော်တို့တိုင်းပြည်လို မငြိမ်းချမ်းသေးတဲ့ နိုင်င်ငံကပြည်သူတွေဆိုရင် ပိုပြီးသက်ဆိုင်တဲ့နေ့ပေါ့။ စစ်မီးမငြိမ်းသေးတဲ့ မြန်မာပြည် အမြန်ဆုံး စစ်မီးငြိမ်းပြီးတော့ အမြန်ဆုံးငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ဆိုတဲ့ ဆန္ဒဖော်ထုတ်နိုင်ဖို့ ဒီအခမ်းအနားလေးကို ကျင်းပရခြင်းဖြစ်ပါတယ်” ဟု ပြောကြားသွားခဲ့သည်။

----------------------------------------------------------------------------------------------------------
=============================================================

ပခုက္ကူမြို့ ငြိမ်းချမ်းရေး ဆုတောင်းပွဲကို 
ဧရာဝတီမြစ်ကမ်းဘေးတွင် ကျင်းပ

ပခုက္ကူမြို့-စက်တင်ဘာ၂၁

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး နေ့ တွင်
ပခုက္ကူမြို့ ပြည်သူများ က
ငြိမ်းချမ်းရေး ဆုတောင်းပွဲ ကို ပခုက္ကူမြို့ ဧရာဝတီမြစ်ကမ်းဘေးတွင်
ယနေ့ ညနေ (၄း၀၀) နာရီမှ (၄း၂၅) အထိ ကျင်း ပ ခဲ့သည်။
ငြိမ်းချမ်းရေးသင်္ကေတ ဂျိုးဖြူ ငှက်များ လွှတ်ခြင်း၊
“ ကမ္ဘာမြေ ငြိမ်းချမ်းပါစေ၊ မြန်မာပြည် ငြိမ်းချမ်းပါစေ ” ဟု
ဆုတောင်းခြင်း နှင့် ငြိမ်းချမ်းရေး တေး သီချင်းများ သီဆို ခြင်းတို့
ကို ပြုလုပ် ခဲ့ ကြကြောင်း သိရသည်။
 ဇင်လင်းထွန်း(ပခုက္ကူ)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template