Headlines News :
Home » , » မဲခေါင်မြစ် တရုတ် ၁၃ ဦးသတ်ဖြတ်မှု နော်ခမ်းဝန်မခံသေး တရုတ် CCTV ဘာသာပြန်ထုတ်လွှင့်မှုလွှဲမှားနေ

မဲခေါင်မြစ် တရုတ် ၁၃ ဦးသတ်ဖြတ်မှု နော်ခမ်းဝန်မခံသေး တရုတ် CCTV ဘာသာပြန်ထုတ်လွှင့်မှုလွှဲမှားနေ

Written By လွင့်မောင်မောင် on Thursday, September 20, 2012 | 8:13 PM



ယနေ့ရုံးတင်စစ်ဆေးနေသော စိုင်းနော်ခမ်း(နှင့်အဖွဲ့) နှင့်ပတ်သက်၍  စက်တင်္ဘာ ၁၈ ရက် တရုတ်နိုင်ငံပိုင် CCTV ဘာသာပြန် ထုတ်လွှင့်မှုမှာ လွှဲမှားနေကြောင်း သိရှိရပါသည်။
naw-kham_in_China
စိုင်းနော်ခမ်း သျှမ်းဘာသာ ပြောကြားချက်တွင် - ‘ကျနော် စိုင်းနော်ခမ်း အသက် ၄၄ နှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့ ရှပ်ပြေး ဘုတ်နှစ်စီးပေါ် လူသတ်မှုနဲ့ပတ်သက်ပြီး အထင်မှားလို့ ကျနော့်ကိုဖမ်းတယ်’ ဟု ပြောကြားရာတွင် တရုတ်နိုင်ငံပိုင် CCTV က ‘Cause I planned and killed 13 Chinese on the Mekong River ကျနော်အစီအစဉ်ချခဲ့ပြီး တရုတ် ၁၃ ဦးကို မဲခေါင်မြစ် အတွင်း သတ်ဖြတ်ခဲ့တယ်’ ဟု အင်္ဂလိပ်ဘာသာပြန်၍ ထုတ်လွှင့်ခဲ့ခြင်းဖြစ်ပါသည်။

“အခုလို ဘာသာပြန်မှားယွင်းမှုဟာ လုံးဝမဖြစ်သင့်ဘူး၊ ဒါမြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်၊ ဝန်ကြီး ဦးအောင်မင်းတို့ လဲသိ သင့်တယ်။ သျှမ်း- တရုတ်ဘာသာပြန်တွေ သျှမ်း-တရုတ် နယ်စပ်မှာ အများကြီး၊ မရှာနိုင်ရင် ကျနော် ဝိုင်းရှာ ပေးလို့ရ တယ်၊ ဒီလူသတ်မှုကိစ္စ စိုင်းနော်ခမ်းက ဝန်မခံသေးဘူး၊ ဆိုတော့ တရားရုံးက တရားခံအဖြစ် တရားစီရင်လို့ မရဘူး” - ဟု သျှမ်းပြည် မူးယစ်ဆေးဝါးစောင့်ကြည့်လေ့လာရေးအဖွဲ့ခေါင်းဆောင် စဝ်ခင်းဆာယီက ပြောပါသည်။

ယနေ့စက်တင်ဘာ ၂၀ ရက်နေ့ တရုတ်နိုင်ငံ ကူမင်း(ခွန်းမင်) မြို့ တရားရုံး၌ မူးယစ်ရာဇာ အမည်ရ စိုင်းနော် ခမ်း နှင့် ပတ်သက် ဆက်နွယ်သူ လူ ၅ ဦးအား ရုံးတင်စစ်ဆေးနေပါသည်။

စက်တင်္ဘာ ၁၈ ရက်နေ့ တရုတ်နိုင်ငံပိုင် CCTV  အင်္ဂလိပ်ဘာသာသို့ ဘာသာပြန်လွှဲမှား ထုတ်လွှင့်မှုအား ကြည့်ရှု လိုပါက အောက်ပါ ကလစ်အားကြည့်ရှု နိုင်ပါသည်။  http://english.cntv.cn/program/newsupdate/20120918/106694.shtml မှယူ၍ ပြန်လည်တင်ပြထားပါသည်။
http://english.cntv.cn/program/newsupdate/20120917/102992.shtml

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template