Headlines News :
Home » » ကင်ဆာဖြစ်နိုင်ခြေကြောင့် အိန္ဒိယတွင် ကွမ်းစားဆေး ထုတ်လုပ်ရောင်းချခွင့် ပိတ်ပင်ထားသော်လည်း နယ်စပ်မှတစ်ဆင့် ပြည်တွင်းသို့ အလျှံပယ် ဝင်နေဆဲ

ကင်ဆာဖြစ်နိုင်ခြေကြောင့် အိန္ဒိယတွင် ကွမ်းစားဆေး ထုတ်လုပ်ရောင်းချခွင့် ပိတ်ပင်ထားသော်လည်း နယ်စပ်မှတစ်ဆင့် ပြည်တွင်းသို့ အလျှံပယ် ဝင်နေဆဲ

Written By လွင့်မောင်မောင် on Thursday, September 20, 2012 | 1:38 PM

ရန်ကုန်၊ စက်တင်ဘာ ၁၈
မြန်မာနိုင်ငံသို့ နယ်စပ်လမ်းကြောင်းမှတစ်ဆင့် တင်သွင်းလျက်ရှိသော ကွမ်းစားဆေးများကို ကင်ဆာဖြစ်နိုင်သောကြောင့် အိန္ဒိယတွင် ထုတ်လုပ်ရောင်းချခွင့် ပိတ်ပင် ထားပြီဖြစ်ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံတွင် ကင်ဆာဖြစ်ပွားသူများ၏ သုံးဆယ်ရာခိုင်နှုန်းမှာ ဆေးရွက်ကြီးပါဝင်သော ကွမ်းစားဆေးများကို စားသုံးခြင်းကြောင့် ဖြစ်သည်ဟု တွေ့ရှိရသည့် အတွက် ဈေးကွက်အတွင်း ရောင်းချနေသော ကွမ်းစားဆေးများအား သုတေသနပြု ဓာတ်ခွဲစမ်းသပ်ချက်များအရ ဆေးရွက်ကြီးအပြင် ကင်ဆာရောဂါ ဖြစ်စေနိုင်သော အခြားဓာတုပစ္စည်းများ ပါဝင်နေသည်ကိုတွေ့ရှိရသောကြောင့် အိန္ဒိယကျန်းမာရေး ဝန်ကြီးဌာနမှ အစိုးရသို့တင်ပြကာ နိုင်ငံအတွင်း ထုတ်လုပ်ရောင်းချမှု၊ စားသုံး မှုနှင့် ဖြန့်ဖြူးမှုတို့အား သြဂုတ် လ ၂၂ ရက်နေ့မှ စ၍ ပိတ်ပင်တားဆီးခဲ့ခြင်း ဖြစ်ကြောင်း အိန္ဒိယနိုင်ငံရောက် မြန်မာဆရာဝန်ကြီး ဒေါက်တာတင့်ဆွေကပြောသည်။
ထိုကဲ့သို့ ကွမ်းစားဆေးများ အဓိကထုတ်လုပ်လျက်ရှိသည့် အိန္ဒိ ယနိုင်ငံတွင် အစိုးရမှပိတ်ပင် တားဆီးလိုက်သော်လည်း မြန်မာနိုင်ငံသို့ နယ်စပ်မှတစ်ဆင့် တင်သွင်းမှု များ ရှိနေဆဲဖြစ်ကြောင်း တမူးနယ်စပ် ကုန်သွယ်ရေးဂိတ်မှ စုံစမ်းသိရှိရသည်။
ထိုသို့ အိန္ဒိယနိုင်ငံ၌ ကွမ်းစားဆေးများအား ထုတ်လုပ်ရောင်းချမှုအား ပိတ်ပင်တားဆီးခဲ့မှုကြောင့် နှစ်စဉ် တိုင်းပြည်ဝင်ငွေအနက်မှ ရူပီးငွေကုဋေ ၄ဝ ခန့် ဆုံးရှုံးခဲ့သော် လည်း ပြည်သူလူထု၏ ကျန်းမာရေးအတွက် များစွာအထောက်အပံ့ ဖြစ်စေသည်ဟု  အိန္ဒိယအစိုးရမှ တရားဝင်ထုတ်ပြန်ခဲ့ကြောင်း၊ သို့ရာတွင် ကွမ်းစားဆေး ထုတ် လုပ် ရောင်းချသူများမှာ ကွမ်းစားဆေးများအား ၄င်းတို့နိုင်ငံအတွင်း ရောင်းချခွင့်မရှိတော့သည့်အတွက် မီဇိုရမ်ပြည်နယ်မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ယခင်တင် ပို့ ရောင်းချမှုထက် ပမာဏပိုများစွာတင်ပို့ လျက် ရှိသော်လည်း မြန်မာပိုင် နယ်စပ်စစ်ဆေးရေး ဂိတ်များမှ ကန့်သတ် တားဆီးပိတ်ပင်မှုမရှိ သေးကြောင်း ၄င်းကဆိုသည်။
တမူးနယ်စပ် ကုန်သွယ်ရေးစခန်းမှ နယ်စပ်ကုန်သွယ်ရေး အရာရှိတစ်ဦးက ”အိန္ဒိယက ကွမ်းစားဆေးတွေကတော့ နေ့စဉ်နဲ့အမျှ မြန်မာနိုင်ငံထဲကို ဝင်နေတာပဲ။ ဒါပေမဲ့ အခုရက်ပိုင်းမှာ ပိုပြီး အဝင်များလာတယ်။ ဒီဟာတွေက ပြည်တွင်းမှာလည်း စားသုံးသူတွေရှိ နေတဲ့အပြင် ဆေးဝါးအနေနဲ့ မဟုတ်ဘဲ။ စားသောက်ကုန်အနေနဲ့ ဝင် လာတော့ ဖမ်းဆီးထိန်းချုပ်ဖို့ဆိုတာ ခက်တယ်။ နောက်ပြီး အထက်အဖွဲ့အစည်းတွေကလည်း ဒီကွမ်းစားဆေးတွေ တင်သွင်းမှုကို တားဆီးထားတာလည်း မရှိသေး ဘူး”ဟု ပြောသည်။
အိန္ဒိယမှ မြန်မာနိုင်ငံသို့ တင်သွင်းလျက်ရှိသော ကွမ်းစားဆေး များတွင် ဆေးရွက်ကြီးအပါအဝင် ကင်ဆာဖြစ်စေနိုင်သော
 ဓာတု ပစ္စည်း ၂၅ မျိုး ပါဝင်လျက်ရှိပြီး ထိုဆေး များကို ကွမ်းယာအတွင်း ထည့်သွင်းစား သုံးမှုကြောင့် နှစ်စဉ် ခံတွင်းကင်ဆာ အပါအဝင် အခြား ကင်ဆာရောဂါများနှင့် နှလုံး၊ သွေးတိုးနှင့် အစာအိမ်ရောဂါ ဖြစ်ပွားသူ ဦးရေပမာဏမှာလည်း မြင့်မားလာလျက်ရှိကြောင်း၊ ထို့အတူ စစ်တမ်းများအရ မြန်မာနိုင်ငံ၌ ကွမ်းစားသူဦးရေမှာ နိုင်ငံရှိ လူဦးရေပမာဏ၏ သုံးပုံတစ်ပုံခန့် ရှိနေသည့် အပြင် ကွမ်းစားသူများ၏ ၇၅ ရာခိုင်နှုန်း မှာ အိန္ဒိယမှ ဝင်ရောက်လာသော ကွမ်းစားဆေးများကို ကွမ်းယာ အတွင်း ထည့်သွင်းစားသုံးသူများ ဖြစ်သည့်အတွက် ပြည်သူ များ၏
ကျန်းမာရေးမှာ ရေရှည်၌ ထိခိုက်လာဖွယ်ရှိကြောင်း၊ ထို့ကြောင့် အိန္ဒိယနိုင်ငံနည်းတူ
မြန်မာနိုင်ငံ အနေဖြင့်လည်း ပြည်တွင်း၌ ကွမ်းစားဆေးများ ဖြန့်ဖြူးရောင်း ချနေမှုကို ပိတ်ပင်တားဆီးရန် လိုအပ်ကြောင်း ရန်ကုန်အထွေထွေရောဂါကု ဆေးရုံကြီးမှ ပါမောက္ခဆရာဝန်ကြီး တစ်ဦးက ပြောသည်။
ပေါ်ပြူလာ
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template