

ဒီနေ့မနက် ၃ နာရီက နေပြည်တော်ကိုထွက်ဖို့စုရပ်အဖြစ်လုပ်ထားတဲ့ ရန်ကုန်မြို့၊မြေနီကုန်းမှာရှိတဲ့ဒဂုံစင်တာမှာ နေပြည်တော်သို့ထွက်ခွါမယ့်ကားတွေကို အာဏာပိုင်တွေက ဖိအားပေးခဲ့တဲ့အတွက်ကားသမားတွေက သတင်းထောက်တွေအပြင် ကချင်တိုင်းရင်းသားတွေကိုထားရစ်ခဲ့ပြီး ကားတွေကို နောက်ကြောင်းပြန်မောင်းသွားခဲ့ကြအပြီးမှာ စမ်းချောင်းမြို့နယ်ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေနဲ့နေပြည်တော်ကိုသွားကြမယ့် ကချင်တိုင်းရင်းသားတွေကြား စကားအခြေအတင်ပြောဆိုမှုတွေ ဖြစ်ခဲ့ပါတယ်။

နေပြည်တော်ကိုမသွားဖြစ်တော့တဲ့ ကချင်တိုင်းရင်းသားတွေဟာ ဒဂုံစင်တာကနေ ပြည်သူ့ရင်ပြင်ကိုငြိမ်းချမ်းစွာလမ်းလျှောက်ကြဖို့ကြိုးစားကြရာမှာလည်း ရဲတပ်ဖွဲ့ဝင်တွေကတားဆီးခဲ့တဲ့အတွက် လမ်းတစ်ဝက်မှာရပ်တန့်ခဲ့ရပြီး ခရစ်ယန်ဘာသာအရ ဆုတောင်းမှုတွေ ပြုကြပြီး ဓမ္မတေးများသီဆိုကာ လူစုခွဲပြီး ၁၀ နာရီခွဲမှာ အင်းယားကန်သို့ ငြိမ်းချမ်းစွာလမ်းလျှောက်မှု စတင်ကြမယ့် မြို့တော်ခန်းမရှေ့ကိုဆက်လက်ထွက်ခွါခဲံ့ကြပါတယ်။
![]() |
လွှတ်တော်ရှေ့ ရင်ပြင်မှာ ငြိမ်းချမ်းရေးသီချင်းလေးတေ |
ဒီကနေ့ နံနက် ၁၀ နာရီခွဲမှာတော့ ငြိမ်းချမ်းရေး လမ်းလျှောက်မှုကို စတင်ကြမှာဖြစ်ပြီး ရန်ကုန် မြို့လယ် မြို့တော်ခမ်းမ ရှေ့တွင် စုဝေးပြီး အထူးသဖြင့် ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ဆုတောင်းမှု များ ပြု လုပ်ကြမယ်လို့ ဆိုပါတယ်။
![]() |
ဒဂုံစင်တာအရှေ့ဆုတောင်းကြ |



