Headlines News :
Home » » အမေရိကန်အလံ မီးရှို့ဆန္ဒပြသူများထဲမှ တစ်ဦး မီးခိုးမွှန်၍ သေဆုံး

အမေရိကန်အလံ မီးရှို့ဆန္ဒပြသူများထဲမှ တစ်ဦး မီးခိုးမွှန်၍ သေဆုံး

Written By လွင့်မောင်မောင် on Thursday, September 20, 2012 | 11:02 PM

 3252-1-demonstrator-died-after-inhaling-fumes
တမန်တော် မိုဟာမက်အား နောက်ပြောင်ထားသည့် အမေရိကန် ရုပ်ရှင်ကြောင့် လတ်တလော အစ္စလာမ်မစ်နိုင်ငံများတွင် အမေရိ ကန်အား ဆန့်ကျင်သည့် ဆန္ဒပြပွဲများ နိုင်ငံအနှံ့ပြားသို့ ကူးစက်လျက်ရှိပြီး ယမန်နေ့ (စက်တင်ဘာ ၁၇) ကလည်း ပါကစ္စတန်နိုင်ငံ တွင် အမေရိကန်အလံကို မီးရှို့၍ ပြည်သူအများ ဆန္ဒပြကြရာ ဆန္ဒပြသူတစ်ဦး မီးခိုးမွှန်ကာ သေဆုံးခဲ့ရကြောင်း သိရသည်။
အဘ်ဒူလာ အစ္စမေလ်အမည်ရသည့် အမျိုးသားသည် ဆန္ဒပြသူပေါင်း ၁ဝဝဝဝ ခန့်ရှိသည့် အမေရိကန်အလံအား မီးရှို့ဆန္ဒပြနေ သည့် လူအုပ်ထဲတွင် တက်ကြွစွာ ဆန္ဒပြလှုပ်ရှားစဉ် ထိုအလံ မီးလောင်ရာမှထွက်ရှိသော မီးခိုးငွေ့များ ရှုရှိုက်မိ မှုကြောင့် မီးခိုးမွှန် ကာ သေဆုံးခြင်းဖြစ်သည်။
ထို့အပြင် ယင်းဆန္ဒပြသူများက မီဒီယာ၏ သတင်းပေးပို့ တင်ပြမှု နည်းပါးသည် ဟုဆိုကာ မီဒီယာကလဒ် တစ်ခုအား မီးရှို့ပြီး သည့်နောက်ပိုင်း လုံခြုံရေးရဲ များနှင့် ဆန္ဒပြသူလူစုကြီးတို့ ရင်ဆိုင်တိုက်ခိုက်မှုအပြီးတွင် ဆန္ဒပြသူ တစ်ဦး သေဆုံးခဲ့ရသည်။ ထို အခါ ဆန္ဒပြသည့်အဆင့်မှ ဆူပူသောင်းကျန်သည့်အဆင့်သို့ ရောက်ရှိသွားပြီး ယင်းလူအုပ်ကြီးသည် အစိုးရ အဆောက်အအုံများ ကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြသည်။
အလားတူ ကရာချီမြို့၏တောင်ပိုင်းတွင် တည်ရှိသည့်အမေရိကန် သံရုံးတည်ရှိရာ ဒေသ၌လည်း ဆန္ဒပြသူများက သံရုံးအနီးချ ထားသည့် သံဆူးကြိုး အတားအဆီးများကို ချိုးဖျက်ဝင်ရောက်ရာ ဆန္ဒပြတစ်ဦး ဦးခေါင်းထိမှန်၍ သေဆုံးခဲ့သည်။
ကရာချီမြို့ရှိ ကျောင်းသားပါတီအဖွဲ့မှ ကျောင်း သားများကလည်း ယင်းသံရုံးသို့ ဝင်ရောက်ရန် ကြိုးပမ်းကြရာ ရဲများနှင့် ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်မှုများ ရှိကြောင်းလည်း သိရသည်။ ရဲများက မျက်ရည်ယိုဗုံးအား အသုံးပြုခဲ့ရပြီး၊ သေနတ်မိုးပေါ်ပစ် ခြိမ်းခြောက် ခဲ့ရကာ၊ ဆန္ဒပြသူ ၄ဝ ဦးကို ဖမ်းဆီးခဲ့သည်။
အခြား ပါကစ္စကန်ပြည်သူများ၏ အေးချမ်းစွာ ဆန္ဒပြမှု အများအပြားလည်းရှိခဲ့ပြီး ချာမန်မြို့တွင် ကျောင်းသားနှင့် ဆရာများ ၃ဝဝဝ ခန့် တက်ရောက် ဆန္ဒပြခဲ့ကြသည်။
လက်ရှိတွင် ပါကစ္စကန် တရားရုံးချုပ်၏ တရားသူကြီးချုပ်က "ဘုရားသခင်ကို စော်ကားသည့် ရုပ်ရှင်" ဟု ဆိုကာ နိုင်ငံပိုင် ဆက် သွယ်ရေး ဌာနရှိ အာဏာပိုင်များအား Youtube ပေါ်ရှိ ယင်းရုပ်ရှင်ကို ပိတ်ပင်ထားရန် အမိန့် ထုတ်ထားကြောင်း သိရသည်။
---
Ref: New York Post.
Photo courtesy of AFP/Getty Images.

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template