Headlines News :
Home » , » ထားဝယ်ရေနက် ဆိပ်ကမ်းမှ ဆက်စပ်ဖောက်လုပ်မည့် ကားလမ်းတွင် တည်ရှိသော ထိုင်းနိုင်ငံနယ်စပ် ထီးခီးကျေးရွာတွင် နယ်စပ်ဂိတ်တစ်ခု တည်ဆောက်သွားမည် ဖြစ်ကြောင်းသိရ

ထားဝယ်ရေနက် ဆိပ်ကမ်းမှ ဆက်စပ်ဖောက်လုပ်မည့် ကားလမ်းတွင် တည်ရှိသော ထိုင်းနိုင်ငံနယ်စပ် ထီးခီးကျေးရွာတွင် နယ်စပ်ဂိတ်တစ်ခု တည်ဆောက်သွားမည် ဖြစ်ကြောင်းသိရ

Written By လွင့်မောင်မောင် on Thursday, September 20, 2012 | 8:13 AM



WEDNESDAY, 19 SEPTEMBER 2012 15:07

ထားဝယ်ရေနက် ဆိပ်ကမ်းမှ ဆက်စပ်ဖောက်လုပ်မည့် ကားလမ်းတွင်ရှိသော ထိုင်းနိုင်ငံနယ်စပ် ထီးခီး ကျေးရွာတွင် နယ်စပ်ဂိတ်တစ်ခု တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထားဝယ်ရေနက်ဆိပ်ကမ်းမှ ထိုင်းနိုင်ငံသို့ သွယ်တန်းဖောက်လုပ် မည့်လမ်းအများအနက်မှ ထီးခီး ကျေးရွာသို့ ဖောက်လုပ်မည့်ကားလမ်းလည်း ပါဝင်မည်ဖြစ်ကာ ထီးခီးကျေးရွာ မှ ထိုင်းနိုင်ငံရှိ ပူနမ်ရွာသို့ကားလမ်း လည်းဖောက်လုပ်နေကြောင်း၊ ထီးခီး ကျေးရွာတွင် နယ်စပ်ဂိတ်တစ်ခုတည် ဆောက်သွားမည်ဖြစ်ပြီး ယခုလက်ရှိတွင် သက်ဆိုင်ရာတာဝန်ရှိသူများ ရုံးထိုင်နေပြီဖြစ်ကြောင်း သိရသည်။

“ထီးခီးကျေးရွာက အိမ်ခြေ ၂၂ ခုလောက်ပဲ ရှိတဲ့ ရွာကလေးတစ်ရွာဖြစ်ပြီး ၂၀၀၅ ခုနှစ်လောက်ကမှရွာ တည်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် နယ်စပ်ရွာဖြစ်တဲ့အလျောက် မကြာခင်မှာ ဖွံ့ဖြိုးဖို့ရှိနေပါတယ်။ အဲဒီမှာ (ITD)ကုမ္ပဏီကလည်း တည်ဆောက်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပြီး ထိုင်းနိုင်ငံ ပူနမ်ရွာမှာ (Phunanlon Gatepass) နယ်စပ်ဂိတ်တစ်ခုကို တည်ဆောက်ပေးထားကြောင်း သိရပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံ ဘက်က ထီးခီးရွာမှာလည်း နယ်စပ် ဂိတ်တစ်ခု မကြာခင်မှာ တည်ဆောက်သွားမှာ ဖြစ်ပါတယ်” ဟု တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ထီးခီးကျေးရွာမှာ တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာ မြို့နယ်ခွဲတွင် ရှိသော ကျေးရွာတစ်ရွာဖြစ်ကာ ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင်၊ ပူနမ်ကျေးရွာနှင့် နယ်နမိတ်ထိစပ်နေကြောင်း၊ ထားဝယ်မြို့နယ်မှထီးခီး ကျေးရွာသို့ ၁၄၉ ကီလိုမီတာကွာဝေးပြီး ထားဝယ်မြို့ အရှေ့တောင်ဘက် တွင် တည်ရှိသော ကျေးရွာတစ်ရွာဖြစ်ကြောင်း သိရသည်။

ယခုလက်ရှိ ထီးခီးကျေးရွာတွင် စာသင်ကျောင်းများ၊ ဆေးပေးခန်းများ မရှိသေးဘဲ ဒေသခံ ကျေးရွာသားများမှာ ပူနမ်ရွာတွင် ထိုင်းစကား သင်ယူခြင်း၊ ဆေးကုသခြင်းများ ပြုလုပ်ရကာ မြန်မာစကား ကို ပြေပြစ်စွာ ပြောဆိုနိုင်ခြင်းမရှိကြောင်း သိရှိရသည်။

“ထိုင်းနိုင်ငံဘက်ကနေ စီးပွား ရေးလုပ်ငန်းရှင်တွေ၊ အစိုးရတာဝန်ရှိသူတွေ မကြာခဏဆိုသလို ထီးခီးကျေး ရွာကိုလာပြီး မိတ်ဆက်လာရောက် လေ့ရှိပါတယ်။ ထီးခီးကျေးရွာကနေ ရနက် ဆိပ်ကမ်းကနေ ဆက်စပ်ဖောက်လုပ်မည့် လမ်းတစ်ခုလည်း ဖြစ်တဲ့အတွက် စီးပွားရေးလုပ်ငန်းရှင်တွေ စိတ်ဝင်စား နေကြတာဖြစ်ပါတယ်။ ထိုင်း-မြန်မာ (ထီးခီး)နယ်စပ်ဂိတ်ကို (ITD)မှ တာဝန်ယူဆောက်လုပ်မယ်လို့ သိရပြီး ယခုလက်ရှိ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံ ထိးခီးကို လည်းကောင်း၊ မြန်မာနိုင်ငံကနေထိုင်းနိုင်ငံ ပူနမ်ရွာကိုလည်းကောင်း နှစ်ဖက်သွားလာနိုင်ဖို့ စီစဉ်ပေးထားပြီး (Office and Toll Plaza (Section-3) ) ဂိတ်ကိုညနေ ၆ နာရီ မတိုင်မီအထိ နေ့စဉ်ဖွင့်လှစ်ပေးထားပါတယ်” ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

Ko Myo (Facebook)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template