
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မှာ အမေရိကန်နိုင်ငံ ကွန်ဂရက်ရဲ့ အမြင့်ဆုံးဆုတံဆိပ်ဖြစ်တဲ့ လွှတ်တော်ရွှေတံဆိပ်ဆုကို လက်ခံရယူခဲ့ပါတယ်။ ဒီအကြောင်းနဲ့ပက်သက်ပြီး ဆုပေးပွဲကို ကိုယ်တိုင်သွားရောက်သတင်းယူခဲ့တဲ့ ဗွီအိုအေမြန်မာပိုင်း အယ်ဒီတာ ဦးသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။