Headlines News :
Home » » နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေးနေ့ ငါးနှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကျင်းပ

နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေးနေ့ ငါးနှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကျင်းပ

Written By လွင့်မောင်မောင် on Tuesday, September 18, 2012 | 9:37 PM


နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေးနေ့ ငါးနှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို ဒဂုံမြို့သစ်(အရှေ့ပိုင်းမြို့နယ်)၊ ၇ ရပ်ကွက်၊ ဖျာပုံလမ်းရှိ ဇေယျသိဒ္ဓိကို တက္ကသီလ ကျောင်းတိုက်၌ ကျင်းပပြုလုပ်လျက်ရှိနေပြီး အဆိုပါ အခမ်းအနားတွင် ရွှေဝါရောင်တော်လှန်ရေးနေ့ နှစ်ပတ်လည် အခမ်းအနား ကျင်းပရေး ကော်မတီမှ အချက် ၁၀ချက်ပါ သဘောထား ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါသည်။ အခမ်းအနားကို သံဃာတော်များနှင့် ၂၀၀၇ ခုနှစ် ရွှေဝါရောင် လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသူများက ဦးဆောင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

၂၀၀၇ ခုနှစ် စက်တင်ဘာလက စစ်တပ်က မတရားဖြိုခွင်းခံခဲ့ရသည့် ရွှေဝါရောင် တော်လှန်ရေးနေ့ ၅ နှစ်ပြည့် နှစ်ပတ် လည် အောက်မေ့ဖွယ် အခမ်းအနားတခုကို ရန်ကုန်မြို့ ဒဂုံမြို့သစ်ရှိ တက္ကသီလာ မဟာဇေယျ သိဒ္ဓိ ပဌာန်းကျောင်း၊ ပရိ ယတ္တိ စာသင်တိုက်တွင် ယနေ့ နေ့လယ် ၁၁ နာရီမှ ၂ နာရီထိ ကျင်းပခဲ့ကြသည်။

၂၀၀၇ ခုနှစ် တွင် ပါဝင်ခဲ့ကြသော ရွှေဝါရောင်သံဃာတော်များ၊ ကုန်ဈေးနှုန်းကျဆင်းရေး အဖွဲ့၊ အလုပ်သမား သမဂ္ဂ များ ပေါ်ပေါက်ရေး ကြိုးစားနေသူများ၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ဦးကိုကိုကြီး၊ ဦးမင်းဇေယျ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှသူများ စသဖြင့် နိုင်ငံရေးအဖွဲ့များစွာက စုစုပေါင်း လူပေါင်း ၂၀၀ ကျော် ခန့် တက်ရောက်ကြောင်း ဦးစန္ဒာသီရိ (ဦးဇင်း ပုရစ်) က ဧရာဝတီကို မိန့်ကြားသည်။

“ရွှေဝါရောင်တော်လှန်ရေးနေ့ကို ပြည်တွင်း ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည် သင့် မြတ်ရေး၊ ရွှေဝါရောင် သံဃာ တော်များအပါအ၀င် နို်င်ငံရေး အကျဉ်းသားများ အားလုံး ချွင်းချက်မရှိ ပြန်လွတ်ရေး၊ ပြည်ပရောက် ဒီမိုကရေစီအင် အားစုအားလုံး ပြည်ဝင်ခွင့် လွတ်လပ်စွာ ရရှိရေး၊ အခြေခံကျတဲ့ ဒီမိုကရေစီ အခွင့်အရေးများ အပြည့်အ၀ ရရှိရေးဆို တဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပခဲ့တာဖြစ်ပါတယ်”ဟု သူက ဆက်လက်မိန့်ကြားသည်။

ရွှေဝါရောင် သံဃာ့အရေးအခင်းအတွင်းက ဖမ်းဆီးခံခဲ့ရပြီး မလွတ်မြောက်သေးသည့် အကျဉ်းသားသံဃာတော် စုစု ပေါင်း ၃၀ ကျော် ရှိနေရာ ယမန်နေ့က လွတ်ငြိမ်းချမ်းသာဖြင့် လွတ်မြောက်လာသူများထဲတွင် မပါဝင်
ကြောင်း ဦးစန္ဒာ သီရိ က မိန့်သည်။

“ရွှေဝါရောင် သံဃာတော်အပါး ၃၀ ကျော် ကျန်နေပါသေးတယ်” ဟု သူက မိန့်သည်။

ယမန်နေ့က ကြေညာခဲ့သည့် လွတ်ငြိမ်းသက်သာခွင့် အမိန့်အရ ပုဒ်မ ၄၀၁ ဖြင့် အစိုးရက အကျဉ်းသား စု စုပေါင်း ၅၁၄ ဦးကို ပြန်လွှတ်ပေးလိုက်ကြောင်း ကြေညာခဲ့သော်လည်း နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၈၇ ဦး သာ လွတ် မြောက်သည့် စာရင်းတွင် အတည်ပြုနိုင်ကြောင်း၊ မလွတ်သည့် အကျဉ်းထောင်ပင် ရှိကြောင်း၊ နိုင် ငံခြားသား အကျဉ်းသားများကြောင်း ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က ကိုအံ့ဘွယ်ကျော် က ပြောသည်။

“ရွှေဝါရောင် သံဃာတော်တွေ မပါလာဘူးသိရတယ်။ ကျောက်ဆည် ဘာသာရေး အဓိကရိုဏ်းက ကိုယ်တော် တချို့ က မနေ့က မန္တလေးထောင်က ပြန်လွတ်တဲ့အထဲပါတယ်”ဟု ကိုအံ့ဘွယ်ကျော်က ဆိုသည်။


၂၀၀၇ ခုနှစ် စက်တင်ဘာလက ရန်ကုန်နှင့် မြို့ကြီးတချို့တွင် သံဃာတော်များ ဦးဆောင်၍ မေတ္တာပို့ ဆုတောင်း ဆန္ဒ ပြမှုများဖြစ်ပွားခဲ့ရာတွင် ယခင် စစ်အစိုးရက ရက်စက်စွာ ဖြိုခွင်းပြီးနောက် ရဟန်း သံဃာတော်များ ရာနှင့်ချီ၍ ဖမ်းဆီးခံ ခဲ့ရကြောင်း၊ သံဃာတော် တချို့လည်း ပျံလွန်တော်မူခဲ့ကြောင်း၊ တချို့ သံဃာတော်များလည်း ပြည်ပသို့ ထွက်ပြေးခဲ့ ကြရကြောင်း သိရသည်။

 

ယခုနှစ် ၅ နှစ်ပြည့် ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည်ကျင်းပသည့်နေ့သည် တိုက်ဆိုင်စွာပင် ၁၉၈၈ ခုနှစ် စက် တင်ဘာလ ၁၈ ရက်နေ့ လွန်ခဲ့သည့် ၂၄ နှစ်က စစ်တပ်က အာဏာသိမ်း နှစ်ပတ်လည်နေ့ လည်းဖြစ်နေသည်။

ယခင် နှစ်များက အထူးသဖြင့် ရန်ကုန်မြို့တွင် လုံခြုံရေး တင်းကြပ်မှုများ လုပ်ဆောင်ခဲ့သော်လည်း ယခုနှစ် တွင်မူ နှုတ်အား ဖြင့်သာ တားမြစ်လာမှု တချို့ ရှိကြောင်း သိရသည်။

ယမန်နေ့ညက သာသနာရေး ဦးစီးဌာနမှ တာဝန်ရှိသူ တဦးက မြို့နယ် သံဃနာယကအဖွဲ့ကို လာရောက်လျှောက်ထားပြီး ယနေ့ ကျင်းပမည့် ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်ပွဲကို ဆိုင်းဘုတ် တင်ခြင်း၊ ကြွေးကြော်သံများ အော် ဟစ်ခြင်း၊ အလံများ ထောင်ခြင်း စသည်များကို မလုပ်ရန် တားမြစ်ကြောင်း ပြောကြားလာသော်လည်း ယနေ့ အခမ်း အနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

“ညက ဒီကျောင်းကို ဖုန်းဆက်တယ်။ ဒီကျောင်းက ဆရာတော်က အဲဒီလို နုတ်နဲ့ တားမြစ်တာကို တရား မ၀င်ဘူး။ တ ကယ်လို့ တားမြစ်ချင်တယ်ဆိုရင် စာထုတ်ပေးပါလို့ ဆိုပြီးအကြောင်းပြန်လိုက်တယ်။ အခု အခမ်း အနား ပြီးဆုံးတဲ့ အ ထိ စာထုတ်ပြီး လာတားမြစ်တာ မရှိဘဲ အေးအေးချမ်းချမ်း ပြီးမြောက်သွားတယ်လို့ ပြော လို့ရပါတယ်”ဟုဦးစန္ဒာသီရိ က မိန့်သည်။

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template