
ဒီတစ်ပတ်မှာမန္တလေးသူ သီရတီနဲ့ မိတ်ဆက်ပေးပါမယ်။ သူကတော့ ၂ဝဝ၆ခုနှစ်ကနေအနုပညာအလုပ်ကိုစလုပ်တာဖြစ်ပြီး ဦးကျော်ဟိန်း ရဲ့ သရုပ်ဆောင်ရွေးပွဲမှာ ရွေးချယ်ခံခဲ့ရတဲ့သူပါ။ အဲဒီသရုပ်ဆောင်ရွေးပွဲအတွေ့အကြုံကို သီရတီက "အိုက်တင်တွေ လုပ်ခိုင်းတယ်။ ပြီးတော့ ရှိုးလျှောက်ပြရပါတယ်။ အိုက်တင် ၅မျိုး လုပ်ပြရတယ်။ ဦးကျော်နဲ့တွေ့တော့ ဦးကျော်ကတော့ စိတ်ကိုပဲအဓိက သင်ပေးတာပါ။ အဲဒီပြိုင်ပွဲက သမီးအတွက် ပထမဆုံးပွဲပါ။ အဲဒီပွဲမှာ အရွေးခံရတာပဲ"လို့ ပြောပါတယ်။ သီရတီက ၂ဝ၁၂ထဲ မှာ ၆ကား ရိုက်ပြီးသွားပြီဖြစ်ပြီး အဲဒီအထဲမှာ ခေါင်းဆောင်မင်းသမီး အနေနဲ့ ၃ကားရိုက်ကူးထားတယ်လို့ ပြောပါတယ်။ သီရတီက ဦးကျော်ဟိန်း ဘုန်းကြီး ဝတ်သွားတာကြောင့် အနုပညာအလုပ် ဆက်မလုပ်ဖြစ်ဘဲ ကြား ထဲမှာ ကျောင်းပြန်တက်နေပြီး အခုမှ ပြန်လုပ်ဖြစ်တာလို့ ပြောပါတယ်။ သီရတီရဲ့ပထမဆုံးကားက 'ဝိညာဉ်လေး အဆစ်ပါသွားပြီ'ဖြစ်ပြီး အဲဒီကားမှာ ကျော်ဟိန်း၊ထွန်းထွန်း၊ သဒ္ဒါထက်တို့နဲ့အတူ သရုပ်ဆောင်ခဲ့တာပါ။ အဲဒီတုန်းက ရိုက်ကွင်းအတွေ့ အကြုံကို "အဲဒီတုန်းက ဘာမှနားမလည် တော့ လုပ်ဆိုလုပ်လိုက်တယ်။ ငိုဆိုငိုချပစ်လိုက်တ
ာပဲ။ ကားထွက်လာတော့ သြော် ငါဒီလိုငိုလိုက်ရင် ဒီလိုဖြစ်သွားပါလားဆိုတာ သိလာတယ်"လို့ ပြောပါတယ်။သီရတီက မာန်ထက်ချီရဲ့ ၂ဝ၁၁ခုနှစ် သရုပ်ဆောင်ရွေးပွဲ မှာလည်း ရွေးချယ်ခံ ထားရသူဖြစ် ပြီး မာန်ထက်ချီနဲ့စာချုပ်ပဲရှိပေမယ့် ဇာတ်ကားရိုက် ခွင့်ပြုတာကြောင့် အပြင်တိုက်တွေမှာထွက်ရိုက်ဖြစ်တာလို့ သိရပါ တယ်။ သီရတီက ဦးကျော်ဟိန်းရဲ့ ၂လသင်တန်းနဲ့ မာန်ထက်ချီက သရုပ်ဆောင် သင်တန်းတွေပဲ တက်ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ သီရတီက ထက်ထက်မိုးဦးကို တအားကြိုက်ခဲ့ပြီး အပြင်မှာတွေ့တဲ့အခါ ထက်ထက် မိုးဦးက တအား သဘောကောင်းပြီး၊ ဘယ်လိုကြိုးစားဆိုတာ ပြောပြခဲ့တယ် လို့ ဆိုပါတယ်။ အနုပညာမျိုးရိုးမရှိတဲ့ သီရတီက သူ့ရဲ့ အနုပညာနာမည် သီရတီကို သူတို့ကိုးကွယ်တဲ့ဆရာတော်က ပေးတာဖြစ်တယ်လို့ ပြောပါတယ်။
သီရတီဆိုတဲ့နာမည်နဲ့ ဦးကျော်ဟိန်းရဲ့ သရုပ်ဆောင်ရွေးပွဲကို စဝင်ခဲ့ပြီး ဦးကျော်ဟိန်းက သူ့ဆီလာတဲ့ သူတွေရဲ့နာမည်တွေကို အကုန်ပြောင်းပစ် ခဲ့ပြီး သူ့ရဲ့သီရတီနာမည်လေးကိုတော့ မပြောင်းဘဲ ဒီအတိုင်းထားခဲ့တယ်လို့ သီရတီကပြန်ပြောပြပါတယ်။ မန္တလေးသူ သီရတီကို အကြံပြုဝေဖန် အားပေးချင်တယ်ဆိုရင်တော့ ကန်တော်ကြီး၊ အဆောင် ၆၊ အခန်း ၂၂၊ မန္တလေးဆိုရင် ရပါပြီဗျ။
နေကွန်းထင်၊ ဓာတ်ပုံ-ဘိုအဖွဲ့
မူရင်းသတင်း----Popular Journal