သဘက်ခါစက်တင်(၂၁)ရက်နေ့၊ နိုင်ငံတကာငြိမ်းချမ်းရေးနေ့တွင် မြန်မာပြည်မြောက်ကချင်ဒေသရှိ
ပြည်တွင်းစစ်ပွားနေမှုကိုရပ်တန့်ရန် ရန်ကုန်မြို့တွင်း " စစ်ဆန့်ကျင်ရေး၊ ငြိမ်းချမ်းရေး" ကိုတောင်ဆို ဆန္ဒဖေါ်ထုတ်မှုများအတွက် ခွင်ပြုရန် လျောက်ထားချက်များကို သက်ဆိုင်ရာမြို့နယ် ရဲစခန်း(၈)မြို့နယ် အားလုံးမှငြင်းပယ်လိုက်ပြီး ခွင့်မပြုကြောင်း သတင်းရရှိသည်။
ခွင့်ပြုချက်ကိုအကြောင်းအမျိုးပြပြငြင်းပယ်ခဲ့မှုကြောင့် စက်တင်ဘာ ၂၁ရက်နေ့ မနက် (၁၁)နာရီတွင် ငြိမ်းချမ်းရေးလိုလားသူထောင်ပေါင်းများစွာက ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင်စတင်စုဝေးပြီး ညနေ(၃)နာရီအချိန်တွင် အင်းယားကန်ဘောင်ပေါ်၌ ပြည်တွင်းရပ်စဲပြီးငြိမ်းချမ်းရေးအမြန်ရရှိရေးရန်အတွက် ဆုတောင်းဆန္ဒထုတ်ဖေါ်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
နေပြည်ကာကွယ်ရေးဦးစီးချုပ်အိမ်ရှေ့တွင် ငြိမ်းချမ်းရေးလိုလားသောတိုင်းရင်သားပြည်သူများ၏
ပြည်တွင်းစစ်ချပ်ငြိမ်းပြီြး ငိမ်းချမ်းရေးဆန္ဒထုတ်ဖေါ်ခွင့်တောင်းဆိုမှုကိုလည်း ခွင့်မပြုခဲ့ကြောင်း သိရှိရသည်။