Home »
ပြည်တွင်းသတင်း
,
ဝေဖန်ထောက်ပြ
» ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာလ ၁၉ ရက်နေမှာ အမေရိကန်ကွန်ဂရက်က ချီးမြှင့်တဲ့ Congressional Gold Medal ဆုလက်ခံရယူတဲ့သတင်းကိုနိုင်ငံပိုင်သတင်းစာများမှာဖော်ပြမည်
ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာလ ၁၉ ရက်နေမှာ အမေရိကန်ကွန်ဂရက်က ချီးမြှင့်တဲ့ Congressional Gold Medal ဆုလက်ခံရယူတဲ့သတင်းကိုနိုင်ငံပိုင်သတင်းစာများမှာဖော်ပြမည်
ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့
တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာလ ၁၉ ရက်နေမှာ
အမေရိကန်ကွန်ဂရက်က ချီးမြှင့်တဲ့ Congressional Gold Medal
ဆုလက်ခံရယူတဲ့သတင်းကို အချိန်ကွာခြားမှုကြောင့်
ယနေ့ထုတ်နိုင်ငံပိုင်သတင်းစာများမှာဖော်ပြနိုင်မှု မရှိခဲ့ပါဘူး။ ဒါပေမယ့် စက်တင်ဘာ ၂၁ ရက်နေ့ သတင်းစာများမှာဖော်ပြနိုင်ဖို့ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။ဟု ဦးရဲထွဋ် ၏
Facebook စာမျက်နှာတွင်ဖော်ပြထားသည်။
https://www.facebook.com/ye.htut.988
တကယ်ဆို ပြည်သူ့လွှတ်တော်အမတ်လည်းဖြစ် ။ပြည့်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့်
တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံဂုဏ်ဆောင်နိုင်မှု
ကို နိုင်ငံတော်အစိုးရအနေနဲ့ ဒီထက်ပိုပြီး ဂုဏ်မပြုသင့်ပေဘူးလား။
သေချာတာကတော့ ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိအစိုးရနေဖြင့် လုပ်ဖော်ကိုင်ဖက်ဟု သဘောမထားဘဲ ။ အတိုက်ခံတစ်ယောက်အဖြစ်သာရှုမြင်နေသေးကြောင်းပါ။
မည်သို့ဆိုစေ ... မရိုးသားသူများအတွက် ဒေါ်အောင်ဆန်းစုကြည်သည် ရန်သူတစ်ယောက် သဖွယ်ဖြစ်နေပေလိမ့်ဦးမည်။
လွင့်မောင်မောင်