Headlines News :
Home » , » ဦးရွှေထူး တောင်ကြီး အကျဉ်းထောင်က လွတ်လာပြီ(`ရုပ်-သံ )

ဦးရွှေထူး တောင်ကြီး အကျဉ်းထောင်က လွတ်လာပြီ(`ရုပ်-သံ )

Written By လွင့်မောင်မောင် on Friday, September 21, 2012 | 12:47 AM


သမ္မတရဲ့လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ စက်တင်ဘာလ ၁၇ ရက်နေ့က နှစ်ပေါင်းများစွာ ထိန်းသိမ်းထားခြင်း ခံနေရတဲ့ ဦးရွှေထူးဟာ တောင်ကြီး
အကျဉ်းထောင်က ပြန်လည် လွတ်မြောက် လာခဲ့ပါတယ်။ ဦးရွှေထူး (ခ) ဦးအောင်ဇေယျဟာ ၁၉၈၈ ခုနှစ် အရေးအခင်းလို လူထုအုံကြွမှု
ဖြစ်ပေါ်အောင် ဖန်တီး လုပ်ဆောင် နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တပ်မတော် ထောက်လှမ်းရေး (၁) က ၁၉၉၈ ခုနှစ် မေလ ၂၉ ရက်နေ့မှာ
ဖမ်းဆီးပြီး ပုဒ်မ ၁၂၄ (က) အရ ထောင်ဒဏ် အနှစ် ၂၀၊ ဖောက်ခွဲ (၅) အရ ထောင်ဒဏ် ၁၄ နှစ်၊ ပုဒ်မ ၁၇ (၂) အရ ထောင်ဒဏ် ၅ နှစ်၊
ပုဒ်မ ၁၉ (စ) အရ ထောင်ဒဏ် ၃ နှစ် အသီးသီး ပြစ်ဒဏ် ချမှတ် ခံခဲ့ရတာ ဖြစ်ပါတယ်။ ထောင်ဒါဏ် ၄၂ နှစ် ကျခံခဲ့ရတဲ့ ဦးရွှေထူးဟာစတင် အကျဉ်းကျစဉ်က အိုးဘိုအကျဉ်းထောင်မှာ နေထိုင်ခဲ့ရပြီး ၂၀၀၀ ပြည့်နှစ် မေလ ၃၀ ရက်မှာတော့ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာရှိတဲ့ တောင်လေးလုံး အကျဉ်းထောင်ကို ရွှေ့ပြောင်း ခံခဲ့ရပြီး အခုအခါ ၂၀၁၂ ခုနှစ်မှာမှ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template