Headlines News :
Home » , » ဆော့ဖ်ဝဲများ ပြည်တွင်းတွင် ပိုထုတ်နိုင်ရန် ဆောင်ရွက်သင့်ဟု Acer Inc တည်ထောင်သူ အကြံပြု

ဆော့ဖ်ဝဲများ ပြည်တွင်းတွင် ပိုထုတ်နိုင်ရန် ဆောင်ရွက်သင့်ဟု Acer Inc တည်ထောင်သူ အကြံပြု

Written By လွင့်မောင်မောင် on Tuesday, October 16, 2012 | 8:47 PM

ရန်ကုန်၊ အောက်တိုဘာ- ၁၆
မြန်မာနိုင်ငံအိုင်စီတီကဏ္ဍဖွံ့ဖြိုးရန်အတွက် ပြည်တွင်းထုတ် ဆော့ဖ်ဝဲများကိုပိုမိုထုတ်လုပ်နိုင်အောင်
 ဆောင်ရွက်သင့်ကြောင်းကမ္ဘာကျော် ကွန်ပျူတာအမှတ်တံဆိပ်တစ်ခုဖြစ်သော 
Acer Inc တည်ထောင်သူ Mr. Stan Shin က ပြည်တွင်း မီဒီယာအချို့နှင့်တွေ့ဆုံစဉ်က အကြံပြုပြောကြားသည်။
 

ဒေသတွင်း အသုံးပြုနိုင်သည့် ပြည်တွင်းဆော့ဖ်ဝဲများကို ပြည်တွင်းပညာရှင်များက အများအပြားထုတ်လုပ်နိုင် မည်ဆိုပါက နိုင်ငံ၏ အိုင်စီတီကဏ္ဍဖွံ့ဖြိုးမှုကို အကောင်းဆုံးအထောက်အပံ့ပေးနိုင်မည်ဟု ယင်းကပြောကြားသည်။
ထို့အပြင် မြန်မာနိုင်ငံသည် အီလက်ထရွန်နစ် စက်မှုလုပ်ငန်းကို ဖွံ့ဖြိုးအောင်လုပ်ကိုင်သင့်ကြောင်းနှင့် ယင်းစက်မှု လုပ်ငန်းကို လုပ်ကိုင်ခြင်းဖြင့် ကွန်ပျူတာနှင့် သက်ဆိုင်သည့် အိုင်စီတီဆိုင်ရာ နည်းပညာများ ထုတ်လုပ်မှု ဖွံ့ ဖြိုး လာအောင်လည်း ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း Mr.Stan Shin က ဆက်လက်ပြောကြားသည်။
 

Mr.Stan Shin က ဆက်လက်ပြီး မြန်မာနိုင်ငံတွင် လတ်တလော၌ လာရောက်ရင်းနှီးမြှုပ်နှံရန် အစီအစဉ်မရှိ သေးကြောင်းဆိုသည်။ သို့သော် Acer Inc အနေဖြင့် မြန်မာနိုင်ငံတွင် စက်ရုံလာရောက်
 တည်ထောင်မည်ဆိုလျင်လည်းပထမဆုံးအနေ ဖြင့် ပြည်တွင်းဆက်သွယ်ရေးဆိုင်ရာ
အခြေခံအဆောက်အဦများကိုပါ အဓိကထည့်သွင်းစဉ်းစားရမည်ဖြစ် ကြောင်း၎င်းကပြောကြားခဲ့သည်။
ပြည်တွင်းထုတ် ဆော့ဖ်ဝဲများ ရှားပါးခြင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်အသင်း 


(မန္တလေး)၏ ဥက္ကဋ္ဌဖြစ်သူ ဦးရဲမြတ်သူက "ပြည်တွင်းက ဆွဲတဲ့ ဆော့ဖ်ဝဲတွေတအားနည်းပါတယ်။ အခုလို အပြောင်းအလဲကာလတွေမှာ နိုင်ငံခြားကုမ္ပဏီတွေ အလုံးလိုက်ဝင်လာရင် ပြည်တွင်းမှာ ဒီလိုဆော့ဖ်ဝဲရေးသူတွေမရှိရင် ဒုက္ခရောက်နိုင်တယ်။ အဲဒီလိုသာဆိုရင် ပြည်တွင်း ဆော့ဖ်ဝဲဈေးကွက် ကွယ်ပျောက်သွားနိုင်သည်။ ဥပမာ ဟိုတယ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်းတွေနဲ့ သက်ဆိုင်တဲ့ ဆော့ဖ်ဝဲတွေ များများ လိုလာမှာ" ဟုသုံးသပ်ပြောကြားသည်။
Laptop နှင့် Notebook အစရှိသည့် ကွန်ပျူတာပစ္စည်းများကို ထုတ်လုပ်သည့် နည်းပညာကုမ္ပဏီဟု လူသိများ သည့် Acer Inc ၏ တည်ထောင်သူ အဆိုပါပုဂ္ဂိုလ်သည် ပြီးခဲ့သည့်ရက်အနည်းက မြန်မာနိုင်ငံသို့ခေတ္တရောက် ရှိလာခြင်းဖြစ်သည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template