မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် ADSL စနစ်၏ ကောက်ခံမှု နှုန်းထား
လျှော့ချလိုက်သည်။ ယခင်က ADSL တပ်ဆင်ခမှာ ကျပ် ၆၀၀၀၀၀ (ခြောက်သိန်း)
ဖြစ်သော်လည်း ယခု နှုန်းထားသစ်အရ ကနဦး တပ်ဆင်ခ နှုန်းထားမှာ ကျပ် ၅၀၀၀၀
(ငါးသောင်း) ဖြစ်သည်။ လစဉ်ကြေးအပိုင်းတွင် အမြန်နှုန်း 256 Kbps တွင် ယခင်က
လစဉ်ကြေး ကျပ် ၃၀၀၀၀ (သုံးသောင်း) မှ နှုန်းထားအသစ်အရ ကျပ် ၁၇၀၀၀
(တစ်သောင်းခုနစ်ထောင်) သို့ လျှော့ချပေးလိုက်သဖြင့် ၄၃%ကျော်
လျှော့ချပေးခြင်း ဖြစ်သည်။ အမြန်နှုန်း 2.5 Mbps တွင် ယခင်က လစဉ်ကြေး ကျပ်
၂၀၀၀၀၀ (နှစ်သိန်း) ကောက်ခံရာမှ ယခု ကျပ် ၈၀၀၀၀ (ရှစ်သောင်း) သာ
ကောက်ခံတော့မည် ဖြစ်ပြီး ၆၀% အထိ ဈေးနှုန်း လျှော့ချပေးခဲ့ခြင်း ဖြစ်သည်။
---
MNN မှ