Headlines News :
Home » »  ဧရာဝတီနှင့် ရန်ကုန်တိုင်းဒေသကြီးများ၌ လယ်ယာမြေများ သိမ်းဆည်းခံရမှု အများဆုံးဖြစ်ပြီး သိမ်းဆည်းသည့်အဖွဲ့အစည်းအများစုမှာ ပုဂ္ဂလိကကုမ္ပဏီများဖြစ်ကြောင်း စုံစမ်းရေးကော်မရှင်မှ စစ်ဆေးတွေ့ရှိ

 ဧရာဝတီနှင့် ရန်ကုန်တိုင်းဒေသကြီးများ၌ လယ်ယာမြေများ သိမ်းဆည်းခံရမှု အများဆုံးဖြစ်ပြီး သိမ်းဆည်းသည့်အဖွဲ့အစည်းအများစုမှာ ပုဂ္ဂလိကကုမ္ပဏီများဖြစ်ကြောင်း စုံစမ်းရေးကော်မရှင်မှ စစ်ဆေးတွေ့ရှိ

Written By လွင့်မောင်မောင် on Wednesday, October 17, 2012 | 7:28 PM

ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးများ၌ လယ်ယာမြေများ သိမ်းဆည်းခံရမှု အများဆုံးဖြစ်ပြီး သိမ်းဆည်းသည့်အဖွဲ့အစည်း အများစုမှာ ပုဂ္ဂလိက ကုမ္ပဏီများဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်၊ လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ပြည်ထောင်စုလွှတ်တော်တွင် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုကြောင့် ပြည်သူများနစ် နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်ကို ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့က ဖွဲ့စည်းခဲ့ပြီး အဆိုပါကော်မရှင်မှ အဖွဲ့ဝင်များသည် လယ်ယာမြေနှင့် အခြားသိမ်းဆည်းခံရသည့် တိုင်းဒေသကြီးများနှင့် ပြည်နယ်များသို့ သွားရောက်ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

ထိုသို့ ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ရာတွင် လယ်ယာမြေများ သိမ်းဆည်းခံရမှုကြောင့် တိုင်ကြားသူအများစုမှာ အထောက်အထားများ မှန်ကန်မှုရှိသည်ကို စစ်ဆေးတွေ့ရှိရ ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် လယ်ယာမြေများ သိမ်းဆည်းခံရမှု အများဆုံးဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပြီး ဧရာဝတီတိုင်းဒေသကြီးတွင် လယ်ယာမြေသိမ်းဆည်းခံရမှုကြောင့် တိုင်ကြားခဲ့သည့်အမှုပေါင်း ၁၇၆ မှုရှိကြောင်း သိရှိရသည်။

သိမ်းဆည်းခံရသည့်မြေများတွင် စိုက်ပျိုးရေးလုပ်ကိုင်နေသည့် လယ်ယာမြေများသည် အများဆုံးသိမ်းဆည်းခံရသည့် မြေအမျိုးအစားဖြစ်ပြီး သိမ်းဆည်းသည့်အဖွဲ့အစည်း အများစုသည် ပုဂ္ဂလိကကုမ္ပဏီများ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

''ကျွန်တော်တို့အဖွဲ့က ရခိုင် ပြည်နယ်ဘက်ကိုသွားပြီး ကွင်းဆင်းလေ့လာပါတယ်။ လွှတ်တော်ပြီးတဲ့ စက်တင်ဘာလ ၇ ရက်နေ့ နောက်ပိုင်းကာလကစပြီး အောက်တိုဘာလ ဒုတိယပတ်အထိ တစ်လကျော်ကြာ သွားရောက်လေ့လာစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ကွင်းဆင်းလေ့လာ စစ်ဆေးတဲ့အခါမှာ ရခိုင်ပြည်နယ်မှာ လယ်မြေတွေ သိမ်းခံရတာအများစုဖြစ်ပြီး အများစုက ပုဂ္ဂလိကပိုင်းက သိမ်းတာဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါတယ်။လယ်ယာမြေသိမ်းဆည်းခံရလို့လာ ရောက်တိုင်ကြားကြတဲ့သူတွေကို စစ်ဆေးကြည့်တဲ့အခါမှာ သူတို့တွေဆီမှာ အထောက်အထားတွေအနေနဲ့ နိုင်ငံတော်အခွန်မှတ်တမ်းတွေဖြစ်တဲ့ တစ်နှစ်အတွင်း စပါးသွင်းနှုန်းမှတ်တမ်းတွေ၊ မြေခွန်ဆောင်ထားတဲ့ အချက်အလက်တွေရှိတာ တွေ့ရပါ တယ်။ အမှန်တကယ် မတရားခံရလို့ တိုင်ကြားတာဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါတယ်။ ဒီလိုရရှိတဲ့ စစ်ဆေးတွေ့ရှိချက်တွေကို အစီရင်ခံစာအနေနဲ့ ကော်မရှင်ဥက္ကဋ္ဌထံ တင်ပြပါမယ်။ ကော်မရှင်ဥက္ကဋ္ဌမှတစ်ဆင့် အစိုးရအဖွဲ့အစည်းတွေထံ ဆက်လက် တင်ပြသွားဖို့ရှိပါတယ်''ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း လယ်ယာမြေ သိမ်းဆည်းခံရသည့် မြေဧကပေါင်း သိန်းချီရှိကြောင်း၊ အဆိုပါမြေများအား သက်ဆိုင်ရာကုမ္ပဏီများမှ တောင်သူလယ်သမားများထံ ပြန်လည်ပေးအပ်ပါက ပြဿနာမှာ ပြေလည်သွားမည်ဖြစ်ကြောင်း၊အချို့အဖွဲ့အစည်းများမှ ပြန်လည်ပေးအပ်မှုများရှိသော်လည်း အများစုမှာ ပြန်လည်ပေးအပ်ခြင်းမရှိကြောင်း စုံစမ်း ရေးကော်မရှင်မှ အဆိုပါတာဝန်ရှိသူက ပြောကြားခဲ့သည်။
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template