Headlines News :
Home » » လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ ဆရာ ဒဂုန်တာရာ၏ သဘောထားထုတ်ပြန်ချက်

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ ဆရာ ဒဂုန်တာရာ၏ သဘောထားထုတ်ပြန်ချက်

Written By လွင့်မောင်မောင် on Saturday, October 20, 2012 | 9:20 AM

ကျေးလက်နေပြည်သူများခင်ဗျား မြို့နေပြည်သူများခင်ဗျား

ကျွန်တော်သည် ခင်ဗျားတို့၏ ကန့်ကွက်သံများကိုကြားနေရပါသည် ။

တကယ်က ကျွန်တော်တို့တိုင်းပြည်သည် သယံဇာတ အလွန်ကြွယ်ဝသော တိုင်းပြည်ဖြစ်ပါသည် ။ သဘာဝအလျောက်ရှိနေသော သယံဇာတ အရင်းအမြစ် များကိုလည်းကောင်း သဘာဝပတ်ဝန်းကျင်ကိုလည်းကောင်း ပျက်စီးအောင် ပြုလုပ်နေခြင်းက အလွန်အကျည်းတန် အရုပ်ဆိုးသည်ဟု ထင်ပါသည် ။ ထိုကြောင့် သယံဇာတ ကို ထုတ်ယူ မသုံးစွဲပဲ သဘာဝ မပျက်စီးအောင်ထားရှိခြင်းက အလွန်ကောင်းပါသည် ။

ထိုကြောင့် မုံရွာခရိုင်အနီးရှိ လက်ပံတောင်းတောင်ခြေအနီးမှ ရွာသားများနှင့် မုံရွာမြို့သားများနည်းတူ ခံစားရပါသည် ။

ထိုကြောင့် လက်ပံတောင်းတောင်စိမ်းလန်းစိုပြည်ရေး နှင့် ကျေးရွာသားများ၏ စားဝတ်နေရေးပြေလည်အောင် ဆုတောင်းမေတ္တာပို့သအပ်ပါသည် ။

ပြည်သူလူထု စည်းလုံးညီညွတ်မှု မြှင့်တင်ရန် လိုအပ်ပါသည် ။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို လုံးဝ အပြီးအပြတ် ဖျက်သိမ်းရန်တောင်းဆိုလိုက်ပါသည် ။

ဒဂုန်တာရာ
ပန်းကြာဝတ်မှုန်
ရန်ကုန်မြို့ ၁၆ . ၁၀ . ၂၀၁၂
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template