Headlines News :
Home » » ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုအတွက် နိုင်ငံတကာမှ ကူညီထောက်ပံ့မှုများ လိုအပ်

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုအတွက် နိုင်ငံတကာမှ ကူညီထောက်ပံ့မှုများ လိုအပ်

Written By လွင့်မောင်မောင် on Thursday, October 18, 2012 | 10:26 PM


မြန်မာနိုင်ငံ၌ ၂၀၁၄ ခုနှစ်တွင် ကောက်ခံမည့် ပြည်လုံးကျွတ် အမျိုးသားသန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းအတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၈ သန်းခန့် လိုအပ်နေသည်ဟု ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (ယူအင်န်အက်ဖ်ပီအေ) မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် မစ္စတာ မိုဟာမက်အက်ပ်ဒဲလ် အဟတ်က ပြောသည်။

“သန်းခေါင်စာရင်း ကောက်ယူမှုအတွက် နည်းပညာ ပြင်ဆင်ရေး လုပ်ငန်းတွေဟာ လမ်းကြောင်းပေါ် ရောက်နေပြီ ဖြစ်ပေမယ့် ရန်ပုံငွေ အတော်လိုအပ်နေဆဲ ဖြစ်ပြီး ဒေါ်လာ ၃၈ ဒသမ ၅သန်း လိုအပ်နေပါတယ်” ဟု ၎င်းက ပြောကြားသည်။

သန်းခေါင်စာရင်း ကောက်ယူမှု လုပ်ငန်းအတွက် ဒေါ်လာ ၅၈ ဒသမ ၅ သန်းခန့် ကုန်ကျမည်ဟု ခန့်မှန်းထားပြီး မြန်မာအစိုးရနှင့် ယူအင်န်အက်ဖ်ပီအေတို့က ဒေါ်လာသန်း ၂၀ ထည့်ဝင်ကြမည် ဖြစ်သည့်အတွက် ဒေါ်လာ ၃၈ ဒသမ ၅ သန်း ဆက်လက်လိုအပ်နေခြင်း ဖြစ်သည်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းများအတွက် ဝိုင်းဝန်းကူညီပေးကြရန်လည်း ဗဟိုသန်းခေါင်စာရင်း ကော်မရှင်နာယက ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက အောက်တိုဘာလ ၁၀ ရက်နေ့တွင် ကျင်းပသည့် ကော်မရှင်အစည်းအဝေး၌ ပြောကြားခဲ့သည်။ “နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်များ အနေနဲ့လည်း သန်းခေါင်စာရင်း ကောက်ယူရေးကို အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေးတစ်ခု အနေနဲ့ ကူညီပေးကြပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုလုပ်ငန်းကို ၁၉၇၃ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၈၃ ခုနှစ်တွင် တစ်ကြိမ် ကောက်ယူခဲ့ပြီးနောက် ယခုနှစ် ၃၀ အကြာတွင်မှ ပြန်လည်ကောက်ယူရသည့်အတွက် လုပ်ငန်းအတွေ့အကြုံ၊ ဘဏ္ဍာရေး၊ ဝန်ထမ်းနှင့် အထောက်အကူပြုပစ္စည်း စသည့် လိုအပ်သည့် အခက်အခဲများ တွေ့ရမည် ဖြစ်သည်ဟု ဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားသည်။ ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကို ၂၀၁၁ ခုနှစ်၊ မေလမှ စတင်ပြီး ၁၆ လကြာ ပြင်ဆင်ခဲ့ကာ သန်းခေါင်စာရင်း ကောက်ယူရာတွင် ပြည်သူများကို မေးမြန်းရမည့် မေးခွန်းများနှင့် သန်းခေါင်စာရင်း ဥပဒေတို့ကို ယနေ့ခေတ်နှင့်အညီ ရေးဆွဲရမည်ဖြစ်ပြီး ကြီးကြပ်ကွပ်ကဲရေး အဖွဲ့များကိုလည်း ဖွဲ့စည်းရမည် ဖြစ်သည်ဟု ဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားသည်။

နိုင်ငံတကာ စံချိန်စံညွှန်များနှင့်အညီ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ယူအင်န်အက်ဖ်ပီအေက နည်းပညာ အကူအညီများ ပေးသွား မည်ဖြစ်ပြီး အစိုးရ အနေဖြင့်လည်း အနီးကပ်ပူးပေါင်း ဆောင်ရွက်နေ သည်ဟု ကော်မရှင်ဥက္ကဋ္ဌဖြစ်သူ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက အဆိုပါ အစည်းအဝေး၌ ပြောကြားခဲ့သည်။

ထို့ပြင် သန်းခေါင်စာရင်း ကောက်ယူမည့် ဝန်ထမ်းများ အရည်အသွေး တိုးတက်ရေးအတွက် လုပ်ငန်းခွင် သင်တန်းများ၊ နည်းပညာ အထောက်အပံ့များနှင့် လေ့လာရေး ခရီးစဉ်များကိုလည်း စီစဉ်ပေးမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့ထုတ် မြန်မာ့တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template