Headlines News :
Home » » ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှု တွင် မြန်မာ စစ်တပ် လေ့လာသူ အဖြစ် ပါဝင်ရန် အမေရိကန် ကမ်းလှမ်း

ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှု တွင် မြန်မာ စစ်တပ် လေ့လာသူ အဖြစ် ပါဝင်ရန် အမေရိကန် ကမ်းလှမ်း

Written By လွင့်မောင်မောင် on Saturday, October 20, 2012 | 12:42 AM


ဘန်ကောက်၊အောက်တိုဘာ-၁၈

အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာ့အကြီးမားဆုံး နိုင်ငံစုံစစ်ရေးလေ့ကျင့်မှုတစ်ဖြစ်သည့် ကော်ဘရာဂိုးလ် စစ်ရေးလေ့ကျင့်မှုကို လာရောက်လေ့လာရန် မြန်မာအား ဖိတ်ခေါ်လိုက်သည်။

cobra Gold စစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ အင်ဒိုနီးရှားနှင့်စင်ကာပူ နိုင်ငံမှ ကြည်း၊ ရေ၊ လေ စစ်သား များ နှင့် ခေတ်မှီစစ်လက်နက် ပစ္စည်းများ သုံးကာ စစ်ရေးလေ့ကျင့် ကြခြင်းဖြစ်သည်။ထိုစစ်ရေးလေ့ကျင့်မှုတွင် အခြားအာရှနိုင်ငံများ အမေရိကန်မှ စစ်သားပေါင်း ၁၀၀၀၀ ကျော် ပါဝင်မည်ဖြစ်သည်။ မြန်မာ့စစ်ဘက်ရေးရာ ကျွမ်းကျင်သူဖြစ်ပြီး စင်ကာပူရှိ အရှေ့တောင်အာရှ လေ့လာရေး အင်စတီကျု့မှ ပညာရှင် ဒေါက်တာတင်မောင်မောင်သန်းက "ဒါဟာ ထူးခြားပါတယ်။

အတိတ်တုန်းကတော့ မြန်မာဟာ ကော်ဘရာဂိုးလ် (စစ်ရေးလေ့ကျင့်မှု)နဲ့ ပတ်သက်လို့ အမြဲပဲ မပျော်ရွှင်ခဲ့ပါဘူး။ ဒါဟာ သူတို့ကို တိုက်ရိုက်ဦးတည်တာ။ ကျူးကျော်မယ့် ခြေလှမ်းတစ်ရပ်လို မြင်ခဲ့တာပါ"ဟု ဆိုသည်။

မြန်မာသို့ စစ်ရေးလေ့ကျင့်မှု လေ့လာရန် ယခု ဖိတ်ခေါ်မှုသည် မြန်မာစစ်ဘက်နှင့် အမေရိကန်တို့ ပြန်လည်ထိတွေ့ရေးအတွက် ကြိုးပမ်းမှုလည်း ဖြစ်သည်။ ယခုဖိတ်ခေါ်ချက်သည် မကြာမီရက်ပိုင်းက အမေရိကန်နိုင်ငံခြားရေးဌာန၏ ထိပ်တန်းလူ့အခွင့်အရေး တာဝန်ရှိသူ မိုက်ကယ်ပေါ့စနာ ဦးဆောင်သောအဖွဲ့ လာရောက်လည်ပတ်အပြီး ပေါ်လာခြင်းဖြစ်သည်။ ယင်းအမေရိကန်သံအဖွဲ့တွင် ကန်ကာကွယ်ရေးဝန်ကြီးဌာန ဒုလက်ထောက်ဝန်ကြီး ဗစ်ခရမ်ဆင်းနှင့် အခြားစစ်ဘက်အရာရှိများ ပါဝင်ခဲ့သည်။

ကော်ဘရာဂိုးလ် စစ်ရေးလေ့ကျင့်မှုကို ယမန်နှစ်က ပြုလုပ်ရာတွင် အမေရိကန်တပ်သား ၁၀၀၀၀ ခန့်၊ ထိုင်းတပ်သား ၃၄၀၀ ခန့်နှင့် အင်ဒိုနီးရှား၊ ဂျပန်၊ မလေးရှား၊ စင်ကာပူနှင့် တောင်ကိုရီးယားတို့မှ တပ်သားများ ပါဝင်ခဲ့သည်။ တရုတ်အပါအ၀င် အခြားကိုးနိုင်ငံမှ စစ်ရေးလေ့ကျင့်မှုသို့ လေ့လာသူများ စေလွှတ်ခဲ့သည်။

Cobra Gold စစ်ရေး လေ့ကျင့် မှု ကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါလဆန်း တွင် ကျင်းပ နိုင်ဖွယ် ရှိ သည်။ မြန်မာ နိုင်ငံ သည် ဗြိတိသျှ နှင့် လည်း စစ်ရေး ဆက်ဆံ မှု တိုးမြှင့် လုပ်ဆောင် လျှက်ရှိသည်။ ၂၀၁၂ ခုနှစ် က ထိုင်း နိုင်ငံ အရှေ့  ပိုင်း ရှိ ချွန် ဘူရီ တွင် နောက်ဆုံး ကျင်း ပခဲ့ သည့် ရွှေမြွေဟောက် စစ်ရေး လေ့ ကျင့် မှု တွင် အမေရိကန် လက်နက် ကိုင် တပ် ဖွဲ့  ၀င် တစ်သောင်း ပါဝင်ခဲ့ သည်။ မြန်မာ နိုင်ငံ သည် ၁၉၈၀ မှ ၁၉၈၅ ခုနှစ် အတွင်း အမေရိကန် နိုင်ငံ ရှိ စစ်တက္ကသိုလ်များ စစ်သင်တန်း ကျောင်း များ သို့  မြန်မာ အရာ ရှိ ၂၀၀ ကျော် တက် ရောက် ခဲ့သည်။

အမေရိကန် ၏ ရွှေမြွေဟောက် စစ်ရေး လေ့ကျင့် မှု တွင် မြန်မာ ပါဝင် ရန ဖိတ် ခေါ် ခြင်း သည် မြန်မာ အစိုးရ နှင့် ပဋိပက္ခ ဖြစ် ပွား နေသည့် တိုင်းရင်း သား လူနည်းစု လက်နက် ကိုင်များ အတွက် စိတ်မသက် မသာ ဖြစ်စေမည် ဟု ရိုက်တာ က ဆိုသည်။ -Ref:Chicagotri By 7Day News Journal and FNG
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template