Headlines News :
Home » » ဂျပန်နိုင်ငံမှာ ဇာတ်လမ်းတို ပြိုင်ပွဲ ပြိုင်ဖြစ်သူ ယွန်းယွန်း

ဂျပန်နိုင်ငံမှာ ဇာတ်လမ်းတို ပြိုင်ပွဲ ပြိုင်ဖြစ်သူ ယွန်းယွန်း

Written By လွင့်မောင်မောင် on Thursday, October 18, 2012 | 5:22 PM


Thursday, October 18, 2012

ကလေး သရုပ်ဆောင် နေရာ တစ်ခုကနေ အနုပညာ လောကထဲကို ဝင်ရောက်လာတဲ့ ယွန်းယွန်း က ပရိသတ်တွေရဲ့ လက်ခံအားပေးမှုကို ခုချိန်အထိ ရရှိထားသူလည်း ဖြစ်ပါတယ်။ ယွန်းယွန်းက လူငယ်ဒါရိုက်တာ ပြိုင်ပွဲကို ဝင်ပြိုင်ဖြစ်ရင်းက ရွေးချယ်ခံလိုက်ရကြောင်းလည်း သိရပါတယ်။

”ရုပ်ရှင် အစည်းအရုံး ကနေပြီးတော့ လူငယ် ဒါရိုက်တာ ပြိုင်ပွဲ ”သုံးပွင့်ဆိုင်” ဇာတ်လမ်းတို ပြိုင်ပွဲကို ခေါ်နေတယ်လို့ သတင်းရတယ်ပေါ့နော်။ မေမေက လည်း လုပ်ကြည့်မလားပေါ့။ သမီးကလည်း အရင်ကတည်းက ကလေး သရုပ်ဆောင်ကို ငယ်ငယ်တုန်းက လုပ်လာတာဆိုတော့ ဒါရိုက်တာ လုပ်တာ ကို စိတ်ဝင်စားတယ်။ အဲဒီ အလုပ်ကို ဝါသနာပါတယ်။ လုပ်ကြည့်ချင်တယ်။ ၃ မိနစ်စာ ဇာတ်လမ်းဆိုတော့လည်း ကိုယ်လုပ်နိုင်မယ်လို့ထင်တယ်ပေါ့နော်။

ဇာတ်လမ်းကြီးလည်း မဟုတ်တော့ အဓိက ကတော့ စိတ်ဝင်စားလို့ ဝင်ပြိုင်ဖြစ်သွားတယ်။ သရုပ်ဆောင်ကျတော့ ယွန်းယွန်းရယ်၊ မေမေရယ်ပဲ သရုပ်ဆောင် လိုက်တာပါ။ သိပ်ပြီးတော့ ထွေထွေထူးထူး ပြင်ဆင်ရတာမျိုး တော့ မရှိပါဘူး။ ဒါပေမဲ့ အဲဒီကားတင်ဖို့အတွက် နောက်ဆုံး ဖောင်ပိတ်တဲ့ ရက်မှ စရိုက်တာပေါ့နော်။ အကုန်လုံးက ဖုတ်ပူ မီးတိုက်ပဲ။ အရမ်းမြန်မြန် ဆန်ဆန်ကြီး လုပ်လိုက်ရတယ်။ မထင်မှတ်ဘဲနဲ့ ရွေးချယ်ခံလိုက်ရတယ်”လို့ ဇာတ်လမ်းတို ရိုက်ဖြစ်ခဲ့ခြင်းနဲ့ပတ်သက်ပြီး ပြောပြသွားခဲ့ပါတယ်။

ယွန်းယွန်း က မြန်မာနိုင်ငံကိုယ်စားပြု လူငယ်အနေနဲ့ နိုဝင်ဘာ ၁၈ ရက် နေ့မှာ ဂျပန်နိုင်ငံကို သွားရောက်ပြီး ဇာတ်လမ်းတို ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ခုလိုသွားရတဲ့ အတွက် ဗဟုသုတတွေ အများကြီးရမယ်လို့လည်း မျှော်လင့် ထားပြီး ဝမ်းသာပီတိ ဖြစ်ရကြောင်း ပြောပြလာတာကတော့ ”စိတ်ဝင်စားတာ တစ်ခုတည်းနဲ့ ကြိုးစားလိုက်တာပေါ့။ အဲဒါလေးက အမှတ်တရလေး ဖြစ်သွား တော့ တကယ်ဝမ်းသာပါတယ်။ အဲဒီကို သွားရမှာဆိုတော့ ဗဟုသုတတွေ အများကြီးရမှာဖြစ်တယ်လို့ မျှော်လင့်ထားတဲ့အတွက် ပျော်ပါတယ်။ မြန်မာ နိုင်ငံကို ကိုယ်စားပြု လူငယ်အနေနဲ့ သွားရတဲ့အတွက်ကိုလည်း ဝမ်းသာပါ တယ်”လို့ ပြောပြသွားပါတယ်။
Myanmar Online News
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template