Headlines News :
Home » » မင်းသားကြီး သီဟာနု သက်တော် ၈၉ မှာ ကံတော်ကုန်

မင်းသားကြီး သီဟာနု သက်တော် ၈၉ မှာ ကံတော်ကုန်

Written By လွင့်မောင်မောင် on Monday, October 15, 2012 | 11:45 AM

ကမ္ဘောဒီးယားဘုရင်ဟောင်း မင်းသားကြီး သီဟာနု
မင်းသားကြီး နိုရိုဒွန် သီဟာနု ဟာ အသက် ၈၉ နှစ် အရွယ်မှာ တရုတ် နိုင်ငံ ဘေဂျင်း မြို့  က ဆေးရုံမှာ နှလုံး ရောဂါ နဲ့  ကွယ်လွန် သွားပြီ ဖြစ်တယ် လို့ ဖနွမ်း ပင်က တရား ၀င် သတင်း ထုတ်ပြန်ပါတယ်။

မင်းသားကြီး သီဟာနု ဟာ တရုတ် နိုင်ငံ က ဆေးရုံ မှာ ဆီးချို ၊ ကင်ဆာ နဲ့  နှလုံး ရောဂါ တွေ ကြောင့် နှစ်အတန် ကြာတက် ရောက် ကုသ ခံ နေရာ က နေ တနင်္လာ နေ့  မနက် အစော ပိုင်း မှာ ဘ၀ တစ်ပါး ကို ကူးပြောင်း သွား ခဲ့ တာ ဖြစ်ပါတယ်။

လက်ရှိ ဘုရင် ဖြစ်တဲ့ သူ့  ရဲ့  သား ဖြစ်သူ မင်းသား နိုရိုဒွန် သီဟာမုနိ က ဖခင် ဘုရင်ကြီး ရဲ့  ရုပ်ကလပ် ကို တရုတ် ပြည် က နေ ပြန်လည် သယ်ယူပြီး ကမ္ဘောဒီးယား မှာ ခမာ ထုံးတမ်း စဉ် လာ တွေ အရ ဂူသွင်း သဂြိုင်္လမယ် လို့  ပြောပါတယ်။

ကမ္ဘောဒီးယား နိုင်ငံရေး မှာ ဆယ်စုနှစ် ၆ စု ကျော်ကြာ ကပြ အသုံးတော် ခံ ခဲ့ တဲ့ မင်းသား ကြီး သီဟာနု ဟာ ၁၉၄၁ ခုနှစ် မှာ ကိုလိုနီအရှင်သခင် ဟောင်း ပြင်သစ် ရဲ့  ကျောထောက် နောက်ခံ နဲ့  အသက် ၁၉ နှစ် အရွယ် မှာ ဘုရင် အဖြစ် အာဏာရရှိ လာပြီး နောက်မှာ ကိုလိုနီဘ၀ က လွတ်မြောက် စ နိုင်ငံ တွေ ကြုံတွေ့  ရတဲ့ အတိုင်း ခမာနီ လို့  ခေါ် တဲ့ ကွန်မြူနစ် သူပုန် ထမှု တွေ၊ဗီယက်နမ် စစ်ပွဲ ကာလ နဲ့  မှုန်ဝါးဝါး ဖြစ်နေ သေးတဲ့ တိုင်း ပြည် ရဲ့  ဒီမိုကရေစီ အသွင် ကူးပြောင်း မှု စတဲ့ ကမ္ဘောဒီယား ရဲ့  အိမ်မက် ဆိုး ကာ လ တွေ ကို ကျော်ဖြတ် ခဲ့ ရပါတယ်။

ဘုရင် အဖြစ် နဲ့ ရှိ နေစဉ် မှာ နိုင်ငံ တကာ ဆက် ဆံရေး ကျွမ်းကျင် ပိုင်နိုင်မှု ကြောင့် ကမ္ဘာ က အသိအမှတ် ပြု ပေမယ့် ပြည်တွင်း နိုင်ငံ ရေး သမား တွေ ရဲ့  ဝေဖန် မှု တွေ နဲ့  ရင် ဆိုင် ခဲ့ ရပါတယ်။

၂၀၀၄ ခုနှစ် မှာ ကျန်းမာရေး ချို့  ယွင်း လာတာ ကြောင့် ဘုရင် အဖြစ် ကို စွန့် လွှတ် ခဲ့ ပါတယ်။

မင်းသားကြီး သီဟာနု ကံတော်ကုန် ခြင်း ဟာ ကမ္ဘောဒီးယား နိုင်ငံ ရဲ့  ကြီးလှတဲ့ ဆုံးရှုံး မှု တစ် ရပ် ပဲ လို့  ဒီနေ့  မနက် ပိုင်း ထုတ်ဝေတဲ့ ဖနွမ်းပင် တိုင်း(မ) သတင်းစာ မှာ ဖော်ပြထား ပါတယ်။

မင်းသာကြီး သီဟာ နုဟာ ပြည်ပြေးဘ၀ ၊ မြေအောက်တော်လှန်ရေး ဦးဆောင်သူ ၊ ၀န်ကြီးချုပ် ပါတီ ခေါင်းဆောင် ၊ ဘုရင် စတဲ့ နိုင်ငံ ရေး လှုပ်ရှား မှုတွေ ကြား မှာ နိုင်ငံရေး မိုးသက်မုန်တိုင်း တွေ နဲ့  ရင် ဆိုင် ခဲ့ ရပေမယ့် ရုပ်ရှင် ဇာတ်ကား တွေ ရိုက်ကူးထုတ် လုပ် ခဲ့ သလို ၊ ပန်း ချီ ဆွဲတာ တို့ ၊ တေးဂီတ ဖန်တီး တာတို့  ၊ ဂျက်(ဇ) ဂီတ ၀ိုင်းပြီး ထောင် ပြီး ဖျော်ဖြေ ခဲ့ တာ တို့  လုပ် ခဲ့ တဲ့ အပြင် ဘောလုံး စတဲ့ အားကစား တွေ မှာ ပါ ထူး ချွန် ခဲ့ ပါတယ်။

သူ့  ကို ၁၉၂၂ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့ မှ မွေးဖွား ခဲ့ ပြီး အိမ်ထောင်ဆက် အနည်းဆုံး ခြောက် ဆက်နဲ့  တရားဝင် သားသမီး ၁၄ ဦး ရှိပါတယ်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template