Headlines News :
Home » » မန္တလေး လေဆိပ်မှာလည်း ဆိုက်ရောက်ဗီဇာ ထုတ်ပေးတော့မယ်

မန္တလေး လေဆိပ်မှာလည်း ဆိုက်ရောက်ဗီဇာ ထုတ်ပေးတော့မယ်

Written By လွင့်မောင်မောင် on Wednesday, October 17, 2012 | 8:13 AM

မန္တလေးမြို့ အပြည်အပြည်ဆိုင်ရာ လေဆိပ်ကြီးမှာ နိုင်ငံခြားသားတွေအတွက် ဆိုက်ရောက် ဗီဇာ (Visa on Arrival ) ထုတ်ပေးပါတော့မယ်။

အခုဆိုရင် ဆိုက်ရောက်ဗီဇာ ထုတ်ပေးဖို့အတွက် အဆင်သင့်ဖြစ်နေပါပြီလို့ နေပြည်တော်ရှိ လ၀က ၀န်ကြီး ဌာနက တာဝန်ရှိသူပြောကြားချက်ကို ကိုးကားပြီး နိုင်ငံပိုင် ရုပ်မြင်သံကြားသတင်းက ဆိုပါတယ်။

မန္တလေး လေဆိပ်မှာ ဆိုက်ရောက်ဗီဇာ ထုတ်ပေးဖို့ ကောင်တာတွေနဲ့ ၀န်ထမ်းတွေကို အဆင့်သင့် ထားရှိ ထားပြီး ပြည်ပလေယာဉ် ဆိုက်ရောက်လာတဲ့အပေါ် ဘယ်လို ထုတ်ပေးရမယ်ဆို တာ လေ့လာ စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

မန္တလေး လေဆိပ်မှာ ဆိုက်ရောက်ဗီဇာ ထုတ်ပေးဖို့ ကောင်တာ ၄ ခုနဲ့ ရိုးရိုးဗီဇာ ထုတ်ပေးမှု အတွက် ကောင်တာ ၄ ခု ထားပေးမှာဖြစ်တယ်။

အခုလို ဆိုက်ရောက်ဗီဇာ ထုတ်ပေးရတာကလည်း ပြည်ပ လေကြောင်းလိုင်းတွေအနေနဲ့ မန္တလေးလေဆိပ် ကို တိုက်ရိုက် တိုးချဲ့ ပြေးဆွဲလာတာကြောင့် ဖြစ်ပါတယ်တဲ့။

အခုလက်ရှိ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှာသာ ဆိုက်ရောက်ဗီဇာ ထုတ်ပေးလျှက်ရှိရာက မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ်မှာပါ ထုတ်ပေးဖို့ဖြစ်လာတာပါ။
ဧရာဝတီ Blog
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template